17
Tue, Sep
502 New Articles

ကုလသမဂ္ဂ အကြီးအကဲက ဒီဂျစ်တယ် ပူးပေါင်းဆောင်ရွက်မှုအဖွဲ့သစ် ပူးတွဲဥက္ကဋ္ဌအဖြစ် ဂျက်မာနှင့် မယ်လင်ဒါဂိတ်တို့အား ခန့်အပ်

အလီဘာဘာအုပ်စု တည်ထောင်သူနှင့် ဥက္ကဋ္ဌ ဂျက်မာအား တွေ့ရစဉ် (ဆင်ဟွာ) International Organizations

ကုလသမဂ္ဂ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) သည် ဒီဂျစ်တယ် ပူးပေါင်းဆောင်ရွက်မှုအဆင့်မြင့်အဖွဲ့သစ်ကို ကြေညာခဲ့ပြီး အလီဘာဘာအုပ်စုမှ ဂျက်မာ (Jack Ma) နှင့် Bill & Melinds Gates ဖောင်ဒေးရှင်းမှ မယ်လင်ဒါ ဂိတ် (Melinda Gates) တို့ကို ပူးတွဲဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်ကြောင်း သိရသည်။

Bill & Melinds Gates ဖောင်ဒေးရှင်း တွဲဖက်ဥက္ကဋ္ဌ မယ်လင်ဒါ ဂိတ် (ဝဲ) အားတွေ့ရစဉ် (ဆင်ဟွာ)

“ဒီဂျစ်တယ်နည်းပညာ ပြောင်းလဲမှု ပမာဏ၊ ပျံ့နှံ့မှုနဲ့ အရှိန်က မယုံနိုင်လောက်အောင်ဖြစ်လာပါတယ်။ ဒါပေမဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု လက်ရှိအခြေအနေနဲ့ အဆင့်တွေက စိန်ခေါ်မှုတွေနဲ့ မညီမျှဘူးဖြစ်နေတယ်” လို့ ဂူတာရက်စ်က ဆိုသည်။သတင်းအပြည့်အစုံဖတ်ရှုရန် Link-  http://www.xinhuanet.com/english/2018-07/13/c_137320643.htm