18
Tue, Dec
647 New Articles

အတ္တလန္တိတ် သမုဒ္ဒရာ တောင်ပိုင်း Visokoi ကျွန်း အနီးတွင် ပြင်းအား ၆.၄ အဆင့် ရှိ ငလျင် လှုပ်ခတ်

ပြင်းအား ၆.၄ အဆင့် ရှိ ငလျင် လှုပ်ခတ် ခဲ့သည့် Visokoi ကျွန်း အနီး ပင်လယ်ပြင် အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps) International Organizations

ဝါရှင်တန် ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

အတ္တလန္တိတ် သမုဒ္ဒရာ တောင်ပိုင်း Visokoi ကျွန်း အနီးတွင် နိုဝင်ဘာ ၁၅ ရက် ၌ ပြင်းအား ၆.၄ အဆင့်ရှိ ငလျင် တစ်ခု လှုပ်ခတ် ခဲ့ကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ ဘူမိဗေဒ တိုင်းတာရေးဌာန ၏ ထုတ်ပြန်ချက်အရ ငလျင် သည် ဂရင်းနစ် စံတော်ချိန် ၁၅ ရက် ၂၀ နာရီ ၂ မိနစ် အချိန် တွင် လှုပ်ခတ် ခဲ့ကြောင်း ၊ ငလျင် သည် တောင်လတ္တီတွဒ် ၅၆.၇၉၁ ဒီဂရီ နှင့် အနောက် လောင်ဂျီတွဒ် ၂၅.၃၈၇၇ ဒီဂရီ တွင် မြေအောက် အနက် ၁၀ ကီလိုမီတာ သို့ ဗဟိုပြုလှုပ်ခတ် ခဲ့ကြောင်း သိရှိရသည်။

Visokoi ကျွန်း သည် South Georgia နှင့် South Sandwich ကျွန်းစု တွင် ပါဝင် သည့် ကျွန်း တစ်ကျွန်း ဖြစ်ကြောင်း သိရှိရသည်။(Xinhua)