25
Sat, May
588 New Articles

နယူးဇီလန် နိုင်ငံ အတွင်း ဖြစ်ပွား ခဲ့သည့် သေနတ် ပစ်ခတ်မှုကြောင့် သေဆုံးသူ ၄၉ ဦး အထိ ရှိလာ

နယူးဇီလန် နိုင်ငံ တွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွား ပြီးနောက် ရဲတပ်ဖွဲ့ မှ လုံခြုံရေး ဆောင်ရွက်နေစဉ်(ဆင်ဟွာ) International Organizations

ခရစ်ချာ့ခ်ျ ၊ မတ် ၁၅ ရက်(ဆင်ဟွာ)

နယူးဇီလန် နိုင်ငံ ဝန်ကြီးချုပ်  ဂျာဆင်ဒါ အာဒန် (Jacinda Ardern ) က မတ်လ ၁၅ ရက် ၌ ခရစ်ချာ့ခ်ျမြို့ တွင် ဖြစ်ပွား ခဲ့သည့် သေနတ် ပစ်ခတ်မှုကြောင့် သေဆုံးသူများ အတွက် ကိုယ်ချင်းစာနာကြောင်း ပြောကြားခဲ့ပြီး နယူးဇီလန် နိုင်ငံ ရဲတပ်ဖွဲ့ ကလည်း ပစ်ခတ်မှုကြောင့်  သေဆုံးသူ ဦးရေ မှာ ၄၉ ဦး အထိရှိ လာပြီး ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

ဒေသတွင်း ရဲတပ်ဖွဲ့ က နယူးဇီလန်နိုင်ငံ ခရစ်ချာ့ခ်ျမြို့ တွင် မတ် ၁၅ ရက် နေ့လည်ပိုင်းက ဗလီ ၂ခု အပါအဝင် နေရာ ၆ခု၌ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ၊ ရဲတပ်ဖွဲ့ အနေဖြင့် သေနတ် ပစ်ခတ်သူ တစ်ဦး အား ဖမ်းဆီး နိုင်ခဲ့ပြီး သေနတ်ပစ်ခတ်သူ မည်မျှရှိသည် ကို မသိရှိသေးကြောင်း ၊ ပြည်သူလူထု များအနေဖြင့် လုံခြုံရေး အတွက် နေအိမ်မထွက်ခွာကြရန် သတိပေးလိုကြောင်း ပြောကြား ခဲ့သည်။

အနည်းဆုံး သေနတ်သမား ၂ဦးသည် ခရစ်ချာ့ခ်ျမြို့ရှိ ဗလီ ၂ခုအတွင်းသို့ ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ၊ သေနတ်သမားတစ်ဦးသည် ခရစ်ချာ့ခ်ျမြို့အလယ်ပိုင်း ရှိ Masjid Al Noor ဗလီအတွင်း ဝတ်ပြုသူအများအပြားရှိနေသည့် နေ့လည်ပိုင်း ဝတ်ပြုချိန်တွင် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုဖြစ်ပွားချိန်တွင် ဘင်္ဂလားဒေ့ရှ် ခရစ်ကတ်အသင်း တစ်ခုက ဗလီအတွင်းသို့ ဝင်ရောက်ရန်စီစဉ်နေဆဲဖြစ်ပြီး ယင်းအဖွဲ့သားများမှာ ဘေးကင်းစွာ လွတ်မြောက်သွားခဲ့ကြောင်း သတင်း၌ပါရှိသည်။သေနတ်ပစ်ခတ်မှု ဖြစ်ပွား ခဲ့ပြီး နောက် နယူးဇီလန် နိုင်ငံ ဝန်ကြီးချုပ် က မတ်လ ၁၅ ရက် သည် နယူးဇီလန် နိုင်ငံ ၏ အမှောင်မိုက်ဆုံးသော နေ့တစ်နေ့ ဖြစ်ခဲ့ရပြီး သမိုင်းတစ်လျှောက် အဆိုးရွာဆုံး သော တိုက်ခိုက်မှု တစ်ရပ် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ (ဆင်ဟွာ)