25
Mon, Mar
689 New Articles

ကုလသမဂ္ဂ ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂအထွေထွေညီလာခံက ပါလက်စတိုင်းအရပ်သားများအား အကာအကွယ်ပေးရေး တိုက်တွန်းမှု ဆုံးဖြတ်ချက် တစ်ခုကို ဇွန်လ ၁၃ ရက်တွင် သဘောတူချမှတ်ခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂ၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ကိုရီးယားကျွန်းဆွယ်အရေးတွင် အရေးကြီးပြီး အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ကုလသမဂ္ဂက ဇွန်လ ၁၂ ရက်တွင် ပြောကြားလိုက်သည်။

ကုလသမဂ္ဂ ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် နိုင်ငံ အစိုးရ နှင့် တာလီဘန် လက်နက်ကိုင် အဖွဲ့အစည်း တို့က ပြီးခဲ့သည့် အပတ် တွင် ယာယီအပစ်အခတ် ရပ်စဲကြောင်း ထုတ်ပြန်ကြေညာ ခဲ့ခြင်း နှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က ကြိုဆိုကြောင်း ဇွန်လ ၁၁ ရက်နေ့ ၌ ထုတ်ပြန်ကြေညာ ခဲ့ပြီး တာလီဘန် အနေဖြင့် အာဖဂန်နစ္စတန် အစိုးရ မှ အဆိုပြုခဲ့ဖူးသည့် နှစ်ဖက် တောင်းဆိုချက်မဲ့ တိုက်ရိုက်ဆွေးနွေးမှု ပြုလုပ်ခြင်း ကို လက်ခံရန် တိုက်တွန်းကြောင်း ပြောကြား ခဲ့သည်။

ကုလသမဂ္ဂ ၊ ဇွန် ၉ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အစည်းအဝေး အား ဇွန်လ ၈ ရက်နေ့ တွင် ကျင်းပ ပြုလုပ် ခဲ့ပြီး ဂျာမဏီ ၊ ဒိုမီနီကန် ၊ တောင်အာဖရိက ၊ ဘယ်လ်ဂျီယံ နှင့် အင်ဒိုနီးရှား နိုင်ငံ ၅ နိုင်ငံ တို့အား ၂၀၁၉ ခုနှစ် နှင့် ၂၀၂၀ ခုနှစ် တို့၏ လုံခြုံရေးကောင်စီ အလှည့်ကျ အဖွဲ့ဝင် နိုင်ငံ အဖြစ် ရွေးချယ် ခဲ့သည်။

ကုလသမဂ္ဂ၊ မေ  ၁၇ ရက်(ဆင်ဟွာ)

အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်း အရပ်သားပြည်သူများကို အစုလိုက် အပြုံလိုက်သတ်ဖြတ်ခြင်းက အရှေ့အလယ်ပိုင်း၏တည်ငြိမ်အေးချမ်းရေးအခွင့်အလမ်းကို ဖျက်ဆီး ရာရောက်သည် ဟု ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့(PLO)၏အလုပ်အမှုဆောင်ကော်မတီဝင် Hanan Ashrawi က မေလ ၁၆ ရက်တွင် ပြောကြားခဲ့သည်။ 

ကုလသမဂ္ဂ ၊ ဧပြီ  ၈ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဂူတာရက်စ်က ၂၀၁၈ ခုနှစ် အာရှဒေသ ဆိုင်ရာ ဘိုအော်ဖိုရမ်((Boao Forum for Asia)သို့ မသွားမီ ကုလသမဂ္ဂအခြေစိုက် တရုတ်နိုင်ငံမီဒီယာများမေးမြန်းမှုကို လက်ခံဖြေကြားခဲ့ရာတွင် တရုတ်နိုင်ငံသည် ပြုပြင်ပြောင်းလဲရေးတံခါးဖွင့်မူဝါဒ ကျင့်သုံးပြီး နှစ်ပေါင်း ၄၀ ကာလ တွင် အောင်မြင်မှုများစွာရရှိခဲ့ရာ ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုတွင် တစ်စထက်တစ်စအရေးပါလာကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာလုံး ဆိုင်ရာ စီမံအုပ်ချုပ်မှုတွင် အရေးကြီးသည့် ပင်မအထောက်အပံ့တစ်ခုဖြစ်ကြောင်း ၊ ယခုနှစ်ကျင်းပ သော ၂၀၁၈ ခုနှစ် အာရှဒေသ ဆိုင်ရာ ဘိုအော်ဖိုရမ်((Boao Forum for Asia) ၏ “ပွင့်လင်းဆန်းသစ်သည့် အာရှမြေ၊ ဖွံ့ဖြိုးတိုးတက်စေ ကမ္ဘာမြေ” ဆောင်ပုဒ်နှင့်အညီ အာရှဒေသ၏ ဖွံ့ဖြိုးမှုအတွက်သာမက တစ်ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထားလုပ်ဆောင်နေသည်မှာ ထင်သာကြောင်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

“ယနေ့ ပြဿနာများ၏ အဖြေမှာ ကိုယ်ကျိုးစီးပွားကာကွယ်သောမူဝါဒ၊ တံခါးပိတ်ဝါဒ မဟုတ်ဘူး” ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Gutteres) က ဧပြီလ ၅ ရက်က ပြောကြားခဲ့သည်။

ကုလသမဂ္ဂ ၊ မတ်လ ၂၈ ရက်(ဆင်ဟွာ)

ဆိုမာလီယာကူညီစောင့်ရှောက်ရေးအဖွဲ့၏သက်တမ်းတိုးဆုံးဖြတ်စာ အမှတ် ၂၄၀၈ ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မတ်လ ၂၇ ရက်တွင် သဘောတူအတည်ပြုခဲ့ပြီး ၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ သက်တမ်း တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။ 

ကုလသမဂ္ဂ ၊ မတ်လ ၁၆ ရက်(ဆင်ဟွာ)

ယီမင်တွင် လူသားချင်းစာနာထောက်ထားမှုများ ဆက်လက်ယိုယွင်းနေသည့်အပေါ် အထူးစိုးရိမ်ပူပန် မိကြောင်းနှင့် ပဋ္ဋိပက္ခအဖွဲ့အစည်းများက ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွင် ပါဝင်ညှိနှိုင်းဆွေးနွေး ကြရန် တိုက်တွန်းကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဌ၏ကြေညာချက်တွင် ဖော်ပြထားပါ သည်။

ကုလသမဂ္ဂ၊ မတ် ၉ ရက် (ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခါသမယတွင် တက်ကြွစွာ လုပ်ဆောင်ရန် အမျိုးသမီးများနှင့် မိန်းကလေး အင်အားစုအား ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) က မတ်လ ၈ ရက်က ပြောကြားလိုက်သည်။

Page 3 of 4