ဆစ်ဒနီ ၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ဘူမိဗေဒ တိုင်းတာရေးဌာန ၏ ထုတ်ပြန် ကြေညာချက် အရ ပေကျင်း စံတော်ချိန် အောက်တိုဘာ ၁၁ ရက် နံနက် ၄ နာရီ ၄၈ မိနစ် အချိန်တွင် ပါပူဝါနယူးဂီနီ နိုင်ငံ တွင် ပြင်းအား ၇.၀ အဆင့် ရှိသည့် ငလျင် လှုပ်ခတ် ခဲ့ပြီး သေဆုံးဒဏ်ရာရရှိမှု စာရင်း မထွက်ရှိသေးကြောင်း သိရှိရသည်။

သည်ဟိတ် ၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

အီရန် နိုင်ငံ က အမေရိကန် နိုင်ငံ အား ၁၉၅၅ ခုနှစ် နှစ်နိုင်ငံ ချစ်ကြည်ဆက်ဆံရေး စာချုပ် အား ချိုးဖောက်ကြောင်း နိုင်ငံတကာ တရားရုံး သို့ တိုင်ကြားမှု တွင် တရားရုံး က အမေရိကန် နိုင်ငံ မှ အီရန် နိုင်ငံ အား လူသားခြင်း စာနာထောက်ထားမှု နှင့် အရပ်ဘက် လေကြောင်း လုံခြုံရေး ဆိုင်ရာ ကုန်ပစ္စည်း နှင့် ဝန်ဆောင်မှု အပေါ် ပိတ်ဆို့အရေးယူမှု များအား ချက်ခြင်း ရပ်တန့်ရန် အောက်တိုဘာ ၃ ရက် ၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

ကုလသမဂ္ဂ ၊ စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ)

ဆီးရီးယားအစိုးရ ခွင့်ပြုထားခြင်းမရှိသည့် ပြည်ပစစ်တပ်များကို ချွင်းချက်မရှိ ချက်ချင်း ထွက်ခွာ သွားရန် တောင်းဆိုကြောင်း ဆီးရီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး ဖြစ်သူ Walid Muallemက စက်တင်ဘာ ၂၉ ရက်တွင် ကျင်းပသည့် ကုလသမဂ္ဂအစည်းအဝေး၌ ပြောကြားခဲ့ သည်။

ကုလသမဂ္ဂ ၊ စက်တင်ဘာ ၂၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိသည် နယူးယောက်မြို့ တွင် ကုလသမဂ္ဂ အစည်းအဝေး တက်ရောက်စဉ်အတွင်း စက်တင်ဘာ ၂၅ ရက်နေ့ ၌ စပိန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Josep Borrell နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဗီယင်နာ ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

G 77 အဖွဲ့အစည်း ဗီယင်နာ ဌာနခွဲ ဥက္ကဋ္ဌ ဟာဒီဗာ က တရုတ် နိုင်ငံ ၏ G 77 အဖွဲ့အစည်း အား ထောက်ခံ အားပေးခြင်း သည် ဖွံ့ဖြိုးဆဲ နိုင်ငံ များ က ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ် များတွင် မိမိ တို့၏ သဘောထား အမြင်များ ပြောဆိုခွင့် ရရှိစေခဲ့ကြောင်း ဆင်ဟွာ သတင်းဌာန သို့ ပြောကြား ခဲ့သည်။

ဗီယင်နာ ၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

နိုင်ငံတကာ အနုမြူ စွမ်းအင် အေဂျင်စီ (IAEA) က သြဂုတ်လ ၃၀ ရက် ၌ အီရန် နိုင်ငံ အနေဖြင့် လက်ရှိချိန်ထိ အီရန် နျူကလီးယား အရေး ဘက်စုံသဘောတူညီမှုစာချုပ် အား လိုက်နာနေဆဲ ဖြစ်ကြောင်း နှင့် IAEA နှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်ဆောင်ရွက်နေကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။

ဘရပ်ဆဲလ် ၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ် မြို့တွင် ကျင်းပ ပြုလုပ်သည့် နေတိုး တပ်ဖွဲ့ ထိပ်သီး အစည်းအဝေး မှာ ဇူလိုင်လ ၁၂ ရက်နေ့ ၌ ပြီးဆုံးခဲ့ပြီ ဖြစ်သည်။ အစည်းအဝေး အတွင်း အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် ၏ အဆက်မပြတ် ဖိအားပေးမှုများကြောင့် နေတိုး အဖွဲ့ဝင် နိုင်ငံ များ က စစ်ရေးတည်ဆောက်မှု နှင့် တာဝန် မျှဝေ ခံယူမှု စသည့် ကိစ္စရပ်များတွင် သဘောတူညီ ခဲ့ကြကြောင်း သိရှိရသည်။

ကုလသမဂ္ဂ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) သည် ဒီဂျစ်တယ် ပူးပေါင်းဆောင်ရွက်မှုအဆင့်မြင့်အဖွဲ့သစ်ကို ကြေညာခဲ့ပြီး အလီဘာဘာအုပ်စုမှ ဂျက်မာ (Jack Ma) နှင့် Bill & Melinds Gates ဖောင်ဒေးရှင်းမှ မယ်လင်ဒါ ဂိတ် (Melinda Gates) တို့ကို ပူးတွဲဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်ကြောင်း သိရသည်။

ကုလသမဂ္ဂ ၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ က ဇူလိုင်လ ၉ ရက် ၌ တိုက်ပွဲ ဖြစ်ပွားစဉ် အတွင်း ကလေးသူငယ် စစ်သားများ စုဆောင်ခြင်း ၊ ကလေးငယ်များအား ဘေးဒုက္ခဖြစ်အောင် ဆောင်ရွက်ခြင်း ၊ အဓ္ဓမ ပြုကျင့်ခြင်း နှင့် ဖမ်းဆီးခြင်း စသည့် နိုင်ငံတကာ ဥပဒေ နှင့် ဆန့်ကျင်သည့် ဆောင်ရွက်မှုများ ကို ပြင်းထန်စွာ ပြစ်တင်ဝေဖန် ခဲ့ပြီး ကလေးငယ်များ အား တိုက်ပွဲ အတွင်း ထိန်းသိမ်းစောင့်ရှောက်ရေး သဘောတူညီချက် ကို အတည်ပြုခဲ့ကြောင်း သိရှိရသည်။

ကုလသမဂ္ဂ ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ)

အနည်းဆုံး အရပ်သား ၁၉ ဦး သေဆုံးခဲ့ရသည့် အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း၌ ဖြစ်ပွားခဲ့သော အသေခံဗုံးခွဲမှုကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် က ဇူလိုင် ၂ ရက်တွင် ပြစ်တင်ရှုတ်ချလိုက်သည်။