19
Sat, Jan
678 New Articles

ဘိုဂိုတာ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့တွင် ဇန်နဝါရီလ ၁၇ ရက် နံနက်ပိုင်းက ရဲအတတ်သင်တန်းကျောင်း အပြင်ဘက်တွင် ကားဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူအရေအတွက်မှာ ၂၁ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ကိုလံဘီယာ ရဲတပ်ဖွဲ့က ဇန်နဝါရီလ ၁၇ ရက်နှောင်းပိုင်းက ပြောကြားလိုက်သည်။

မက္ကဆီကို စီးတီး ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

ကိုလံဘီယာ နိုင်ငံ မြို့တော် ဘိုဂိုတာ တောင်ပိုင်းရှိ ရဲအတတ်သင်ကျောင်း တစ်ကျောင်း က ဇန်နဝါရီ ၁၇ ရက် ၌ ကားဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရပြီး ယနေ့ နံနက်ပိုင်း အချိန်ထိ လူ အနည်းဆုံး ၈ ဦး သေဆုံး ခဲ့ပြီး ဆယ်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ကွီတို ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

အီကွေဒေါ နိုင်ငံ Guayaquil မြို့ ရှိ မူးယစ်ဆေးစွဲနေသူများအား ဆေးဖြတ်ပေးသည့်  ဆေးရုံ တစ်ခု ၌ ဇန်နဝါရီ ၁၁ ရက် တွင် မီးလောင်မှု ဖြစ်ပွား ခဲ့ရာ နောက်တစ်ရက် မွန်းလွဲပိုင်း  အချိန်ထိ လူပေါင်း ၁၈ ဦး သေဆုံး ခဲ့ပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဟာဗာနား၊ ဇန်နဝါရီ ၁၂ရက် (ဆင်ဟွာ)

ကျူးဘားနိုင်ငံ အရှေ့ပိုင်း တွင် ဘတ်စ်ကားတစ်စီး တိမ်းမှောက်မှုကြောင့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် ၄ဦးအပါအဝင် လူ ၇ဦးသေဆုံးပြီး အခြားလူ ၃၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်းဌာနတစ်ခုက ဇန်နဝါရီ ၁၁ရက်တွင် ဖော်ပြခဲ့သည်။

ဘရာဇီးလီးယား၊ ဇန်န၀ါရီ ၁၀ ရက်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်းCearáပြည်နယ်တွင် တစ်ပတ်အတွင်း တိုက်ခိုက်မှု ၁၇၂ ခု ဖြစ်ပွားခဲ့ကြောင်း   O Globo သတင်းစာ ၏ ဇန်န၀ါရီ ၉ ရက် သတင်းများအရ သိရသည်။ 

နယူးယောက် ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံ Tarauaca ဒေသ အနောက်ဖက် ၈၉ ကီလိုမီတာအကွာ၌ ပြင်းအား ၆.၈ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း အမေရိကန်နိုင်ငံ ဘူမိဗေဒတိုင်းတာရေးဌာနက ဇန်နဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်။

ဆန်တီယာဂို ဒီ ကျူးဘား ၊ ဇန်န၀ါရီ ၂ ရက်(ဆင်ဟွာ)

ကျူးဘား နိုင်ငံ နှင့် အမေရိကန် နိုင်ငံတို့ သည် နိုင်ငံရေးအရ ကွဲပြားခြားနားမှုများ ရှိသော်လည်း ငြိမ်းချမ်းစွာ အတူတကွ နေထိုင်လိုသည့် ဆန္ဒရှိကြောင်း ကျူးဘား နိုင်ငံ အာဏာရ ပါတီ ဖြစ်သော Communist Party of Cuba ဗဟိုကော်မတီ၏ ပထမ အတွင်းရေးမှူး ရောလ်ကက်စထရို (Raul Castro) က ဇန်န၀ါရီ ၁ ရက်တွင် ထပ်မံ ပြောကြားခဲ့သည်။

ဘိုဂိုတာ၊ ဒီဇင်ဘာ ၂၆ ရက်(ဆင်ဟွာ)

ကိုလံဘီယာနိုင်ငံ အလယ်ပိုင်း Boyaca ပြည်နယ် San Mateoမြို့တွင် ဒီဇင်ဘာ ၂၆ ရက်က ဘတ်စ်ကားတစ်စီးချောက်ထဲပြုတ်ကျခဲ့ရာ လူ ၇ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း  ကိုလံဘီယာနိုင်ငံ ယာဉ်ထိန်းရဲဌာန၏ အဆိုပါနေ့ သတင်းများအရ သိရသည်။ 

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) သို့ တက်ရောက်မည် ဖြစ်ကြောင်း အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ စာရာဆန်ဒါးစ် (Sarah Sanders) က ဒီဇင်ဘာလ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

မက္ကဆီကို စီးတီး၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ သမ္မတ အန်ဒရီစ် မနျူရယ် လိုပက်ဇ် အိုဘရာဒေါ (Andres Manuel Lopez Obrador) သည် ၎င်း၏ လစာ သုံးပုံတစ်ပုံ ကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် ဒီဇင်ဘာ ၁၈ ရက်တွင် ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။