14
Tue, Aug
739 New Articles

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးတွင် ကလေးငယ် ၂ ဦး သေနတ်ပစ်ခံရပြီး သေဆုံး

ဘရာဇီးနိုင်ငံရှိ ဆင်းရဲသားရပ်ကွက်အတွင်း ဝင်ဖမ်းနေသော ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်) Latin America

ရီယိုဒီဂျနေးရိုး၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့တွင် ဖေဖော်ဝါရီလ ၆ ရက်က သေနတ်ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် သီးခြားစီဖြစ်ရပ်များတွင် ကလေးငယ် ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသခံ ရုပ်မြင်သံကြားဋ္ဌာန GloboNews က သတင်းတင်ပြခဲ့သည်။

ဖေဖော်ဝါရီလ ၆ ရက် နံနက်ပိုင်းက အသက်သုံးနှစ်အရွယ် မိန်းကလေး တစ်ဦးသည် ၎င်း၏ မိသားစုနှင့်အတူ စီးနင်းလာသော ကားအား အချက်ပေါင်းများစွာ သေနတ်ပစ်ခံရပြီးနောက် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အခြားဖြစ်ရပ်တစ်ခုတွင် နောက်တစ်ဦးမှာ အသက် ၁၃ နှစ်အရွယ် ယောက်ျားလေးတစ်ဦးမှာ သူငယ်ချင်းများနှင့်အတူ ဘောလုံးကန်နေစဉ် မှားယွင်းပစ်ခတ်ခံရသဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါ သေနတ်ပစ်ခတ်မှုများ ဖြစ်ပြီးနောက် အဓိက အဝေးပြေးလမ်းမကြီး သုံးခုအား ရဲတပ်ဖွဲ့က ပိတ်ထားလိုက်ကြောင်း သိရသည်။

လွန်ခဲ့သည့်နှစ်များအတွင်း ရီယိုမြို့၌ မူးယစ်ဂိုဏ်းများအကြား နယ်မြေလုရင်းဖြင့် အကြမ်းဖက်မှုများ မကြာခဏဖြစ်ပွားခဲ့သည်။

အဆိုပါ ပြည်နယ်တွင် ဆင်းရဲသားရပ်ကွက်အများအပြားရှိပြီး မူးယစ်ဂိုဏ်းများနှင့် လက်နက်ကိုင်အုပ်စုများက ၎င်းတို့၏ မူးယစ်ဆေးဝါးရောင်းဝယ်ရေးလုပ်ငန်း ချဲု့ထွင်ရန်အတွက် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ (Xinhua)