12
Wed, Dec
678 New Articles

အီကွေဒေါတွင် ပြင်းအား ၅.၄ အဆင့် ငလျင်လှုပ်ခတ်

ငလျင်လှုပ်ခတ်သည့်နေရာအား မြေပုံ၌တွေ့ရစဉ်(ဓာတ်ပုံ- ဆင်ဟွာ ) Latin America

ကွီတို ၊ မေ  ၂၃ ရက်(ဆင်ဟွာ)

အီကွေဒေါနိုင်ငံ မြောက်ပိုင်း Imbaburaပြည်နယ်တွင် မေလ ၂၂ ရက်က ပြင်းအား ၅.၄ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း၊ယခုလက်ရှိ သေဆုံးဒဏ်ရာရမှုနှင့်ပျက်ဆီးဆုံးရှုံးမှုစာရင်း ထုတ်ပြန်မှု မရှိသေးကြောင်း သိရသည်။ 

အဆိုပါ ငလျင်သည် ဒေသစံတော်ချိန် မေ ၂၂ ရက် ၈:၃၆ နာရီ တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး Imbabura ပြည်နယ်ရှိ Cotacachi ခရိုင်ကို ဗဟိုပြုလှုပ်ခတ်ခဲ့ရာ ငလျင်အနက် ၁၀ ကီလိုမီတာ ရှိသည်ဟု အီကွေဒေါနိုင်ငံ ဘူမိရူပဗေဒသိပ္ပံက ဆိုသည်။  Imbabura ပြည်နယ်အပြင် ၄င်းပြည်နယ်အနီးရှိ Pichinchaပြည်နယ်ကိုလည်း ဂယက် ရိုက်ခတ်ခဲ့ကြောင်း ၊ ငလျင်လှုပ်ခတ်စဉ် မြို့တော် ကွီတိုတွင် လူများက အဆောက်အဦးမှ ဘေးလွတ်ရာလမ်းများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြကြောင်း  သိရသည်။ 

အီကွေဒေါသည် ပစိဖိတ်ငလျင်ကြောတွင်တည်ရှိပြီး  မီးတောင်များရှိသောကြောင့် ငလျင်ဘေး၊ မီးတောင်ကြောင့်ဖြစ်ပွားသောကပ်ဘေးများ မကြာခဏဖြစ်ပွားလေ့ရှိသည်။  (Xinhua)