20
Sat, Oct
741 New Articles

တောဝက်ဘောလုံးသမားများက အာဂျင်တီးနားနိုင်ငံ ရေဗာပလိတ်အသင်းသို့ သွားရောက်လည်ပတ်

ရေဗာပလိတ်ဘောလုံးအသင်းသို့ သွားရောက်လည်ပတ်သည့် ထိုင်းနိုင်ငံ တောဝက်ဘောလုံးအသင်းမှ ကလေးငယ်များအား တွေ့ ရစဉ် (ဓာတ်ပုံ-အင်တာနက်) Latin America

ဗျူနိုစ်အဲရစ် ၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ဂူတစ်ခုအတွင်း ပိတ်မိရာမှ လွတ်မြောက်ခဲ့ပြီး တစ်ကမ္ဘာလုံး၏ အာရုံစိုက်ခြင်းခံခဲ့ရသော လူငယ် ထိုင်းဘောလုံးသမားများသည် အာဂျင်တီးနားနိုင်ငံ ရေဗာပလိတ်ဘောလုံးအသင်းသို့ အောက်တိုဘာ ၇ ရက်တွင် သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်အတွင်း ထိုင်းလူငယ် ဘောလုံးသမားများသည် ရေဗာပလိတ်(River Plate) အသင်း၏ U-13 ဘောလုံးအသင်းနှင့်ခြေစမ်းပွဲ ကစားခွင့်ရခဲ့ကြောင်း သိရသည်။

“ တောဝက်အသင်းသားတွေဟာ ရေဗာပလိတ်အသင်း အဝတ်လဲခန်းထဲဝင်သွားပြီး သူတို့ နာမည်တွေရေးထိုးထားတဲ့ ရေဗာပလိတ်အသင်းအင်္ကျီတွေကို ဝတ်ဆင်ခဲ့ကြတယ်။ အဲဒီအခိုက်အတန့် မှာ သူတို့ အရမ်းစိတ်လှုပ်ရှားခဲ့ရတယ်” ရေဗာပလိတ်အသင်း ပြည်သူ့ ရေးရာဆက်ဆံရေးဌာနအကြီးအကဲ Adrian Varela က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တောဝက်အသင်းသားများဟု လူသိများသည့် ထိုင်းလူငယ်ဘောလုံးသမားများအား အာဂျင်တီးနားနိုင်ငံ မြို့ တော် ဗျူနိုစ်အဲရစ်မြို့ ၌ အထူးဧည့်သည်တော်များအဖြစ် ကြိုဆိုခဲ့ကြသည်။

အဆိုပါ လူငယ်ဘောလုံးသမားများသည် ၄င်းတို့ ၏ နည်းပြဖြစ်သူနှင့်အတူ ပြီးခဲ့သော ဇွန် ၂၃ ရက်က ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်ရှိ ကျောက်ဂူတစ်ခုအတွင်းသို့ ဝင်ရောက်စဉ် ရေကြီးမှုနှင့်ကြုံတွေ့ ပြီး  ပိတ်မိ သွားခဲ့ရာမှ တစ်ကမ္ဘာလုံး၏ အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။

ကျောက်ဂူရေငုပ်ကျွမ်းကျင်သူများအပါအဝင် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့ များ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ဇူလိုင်လ ၁ဝ ရက်တွင် ၄င်းတို့ အားလုံးကို ဂူအပြင်သို့ ပြန်လည် ကယ်ထုတ်နိုင်ခဲ့သည်။ 

ထိုင်းလူငယ်(တောဝက်ဘောလုံး) အသင်းမှ ဘောလုံးသမားများသည် အောက်တိုဘာ ၆ ရက် မှ ၁ဝ ရက်အထိ အာဂျင်တီးနားနိုင်ငံတွင် နေထိုင်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)