23
Wed, Jan
660 New Articles

ဘရာဇီးနိုင်ငံ Tarauaca အနောက်ပိုင်း၌ ပြင်းအား ၆.၈ အဆင့်ရှိ ငလျင်လှုပ်

Latin America

နယူးယောက် ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံ Tarauaca ဒေသ အနောက်ဖက် ၈၉ ကီလိုမီတာအကွာ၌ ပြင်းအား ၆.၈ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း အမေရိကန်နိုင်ငံ ဘူမိဗေဒတိုင်းတာရေးဌာနက ဇန်နဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်။

၎င်းငလျင်သည် မြေအောက်အနက် ၅၇၅.၂၇ ကီလိုမီတာ၌ တောင်လတ္တီကျူ့ ၈.၁၄၂၈ ဒီဂရီ နှင့် အရှေ့ လောင်ဂျီကျူ့ ၇၁.၅၇၃၅ ဒီဂရီအကြားတွင် ဗဟိုပြု လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)