22
Tue, Jan
659 New Articles

အီကွေဒေါ နိုင်ငံ ရှိ မူးယစ်ဆေး ဖြတ် ပေးသည့် ဆေးရုံ တစ်ခု တွင် မီးလောင်မှု ဖြစ်ပွား လူ ၁၈ ဦး သေဆုံး

အဆောက်အဦ တစ်လုံး မီးလောင်မှု ဖြစ်ပွား ပြီးနောက် မီးသတ် တပ်ဖွဲ့ဝင် များ လုပ်ငန်းဆောင်ရွက်နေစဉ်(ဆင်ဟွာ) Latin America

ကွီတို ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

အီကွေဒေါ နိုင်ငံ Guayaquil မြို့ ရှိ မူးယစ်ဆေးစွဲနေသူများအား ဆေးဖြတ်ပေးသည့်  ဆေးရုံ တစ်ခု ၌ ဇန်နဝါရီ ၁၁ ရက် တွင် မီးလောင်မှု ဖြစ်ပွား ခဲ့ရာ နောက်တစ်ရက် မွန်းလွဲပိုင်း  အချိန်ထိ လူပေါင်း ၁၈ ဦး သေဆုံး ခဲ့ပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ မီးလောင်မှု သည် ဇန်နဝါရီ ၁၁ ရက် မွန်းလွှဲ ၃ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ၊ အချင်းဖြစ်ပွားရာ နေရာ သို့ မီးသတ်တပ်ဖွဲ့ က မီးသတ်ကား နှင့် မီးသတ်သမား များစွာ စေလွှတ် ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် မီးအား ထိန်းချုပ် နိုင်ခဲ့ပြီး ဒဏ်ရာရရှိသူများအား ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ကြောင်း ၊ သေဆုံးသူ အများစု မှာ အသက်ရှုကြပ် ၍ သေဆုံး ခဲ့ခြင်း ဖြစ်ပြီး ရဲတပ်ဖွဲ့ ၏ ပြောကြားချက် အရ ဆေးဝါး ကုသမှုခံယူ နေသူ တစ်ဦး က အိပ်ယာခင်း အား မီးရှို့ ခဲ့ခြင်းကြောင့် စတင် လောင်ကျွမ်း ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဆိုသည်။

အီကွေဒေါ နိုင်ငံ ရှိ မူးယစ်ဆေး ဖြတ် ပေးသော ဆေးရုံ အများစု မှာ ပုဂ္ဂလိက ဆေးရုံ များ ဖြစ်ကြပြီး ၄င်းတို့အနက် အချို့ မှာ လုပ်ငန်း လိုင်စင် မရှိကြောင်း ၊ ယင်း လုပ်ငန်း လိုင်စင် မရှိသည့် ဆေးရုံ များ သည် မီးသတ် လိုအပ်ချက်များ နှင့် ကိုက်ညီမှု မရှိခြင်း နှင့် ဆေးဝါး ကုသသည့် လူနာများ အား နှိပ်စက် ခြင်း မကြာခဏ ဖြစ်ပွား လေ့ရှိကြောင်း သိရှိရသည်။(Xinhua)