16
Sat, Feb
651 New Articles

ပီရူးနိုင်ငံ တောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၁၀ ဦး ထက်မနည်း သေဆုံး

ပီရူးနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှံ့နွံရေများ နေအိမ်အတွင်းသို့ စီးဆင်းနေသည်ကိုတွေ့ရစဉ်(ဆင်ဟွာ) Latin America

လီမာ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ)

ပီရူးနိုင်ငံတောင်ပိုင်းတွင် ယခုရက်ပိုင်းများအတွင်း နေ့စဉ်ရက်ဆက်မိုးသည်းထန်စွာ ရွာသွန်းမှုများ ကြောင့် ရွှံ့နွံသဲကျောက်ရေစီးဆင်းခြင်း၊တောင်ပြိုခြင်းများဖြစ်ပွားခဲ့ရာ လက်ရှိအချိန်ထိ သေဆုံးသူ အနည်းဆုံး ၁၀ ဦး၊ အိုးမဲအိမ်မဲ့ဒုက္ခသည်ပေါင်း  ၁၈၀၀  ရှိနေပြီဖြစ်ကြောင်း ပီရူးသမ္မတ Martín Vizcarraက ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။ 

ဗဟိုအစိုးရနှင့် ဒေသခံအစိုးရအကြား ကယ်ဆယ်ရေးလုပ်ငန်းများညှိနှိုင်းဆောင်ရွက်ရန်၊ ဘေးဒဏ်သင့်မိသားစုများကို အရေးပ်ါကူညီကယ်ဆယ်မှုများ ပြုလုပ်ရန်   အစိုးရ၀န်ကြီးအဖွဲ့ အဖွဲ့ဝင်များက ဖေဖော်ဝါရီ ၁၂ ရက်တွင် ဘေးဒဏ်သင့်ရာနေရာများကို သွားရောက်မည်ဖြစ်ကြောင်း သမ္မတMartín Vizcarraက  အမျိုးသား သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး ကော်မတီ အစည်းအဝေးတွင် ပြောကြားခဲ့သည်။ 

နေ့စဉ်ရက်ဆက်မိုးရွာသွန်းမှုများကြောင့် ပီရူးနိုင်ငံတောင်ပိုင်းတွင် ရေဘေးဒုက္ခဖြစ်ပွားလျက်ရှိရာ  Arequipa၊ Moqueguaနှင့်Tacna စသည့် ဒေသများတွင် ရွှံ့နွံသဲကျောက်ရေစီးဆင်းခြင်း၊ တောင်ပြိုခြင်းများကြောင့် နေအိမ်နှင့်ကျောင်းများ ပျက်စီးမှုများရှိသလို လမ်းတံတားများလည်း ပျက်စီးခဲ့ရာ လူ ၈၀၀၀ ကျော် ဘေးဒဏ်သင့်ခဲ့ကြောင်း သိရသည်။ 

ပီရူးနိုင်ငံတောင်ပိုင်း အချို့ဒေသများ၌ အရေးပေါ်အခြေအနေ ကြေညာထားကြောင်း သိရသည်။ (Xinhua)