24
Wed, Apr
613 New Articles

လျှပ်စစ်မီးဖြတ်တောက်မှုနှင့်ပတ်သက်၍ ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် ဂွိုင်ဒို စုံစမ်းစစ်ဆေးနေ

ဗင်နီဇွဲလားနိုင်ငံရှေ့ နေချုပ် Tarek William အားတွေ့ ရစဉ်(ဆင်ဟွာ) Latin America

ကာရာကာ့စ် ၊ မတ် ၁၄ (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံ အတိုက်အခံခေါင်းဆောင်ဂျူအန်ဂွိုင်ဒို(Juan Guaido) သည် နိုင်ငံအတွင်း လျှပ်စစ်မီးအကြီးအကျယ်ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ရသည့်ကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခံရမည်ဖြစ်ကြောင်း ရှေ့ နေချုပ် Tarek William Sabb က မတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။

နိုင်ငံတော်လျှပ်စစ်ဖြန့် ဖြူးရေးစနစ်ကို ဖျက်လိုဖျက်ဆီးလုပ်သော ကိစ္စနှင့်ပတ်သက်၍ ပါဝင်ပတ်သက်မှုရှိသည်ဆိုသည့် စွပ်စွဲချက်အတွက် ဂွိုင်ဒိုသည် စုံစမ်းစစ်ဆေးမှု ခံရမည်ဖြစ်ကြောင်း Sabb ကဆိုသည်။

အတိုက်အခံခေါင်းဆောင်သည် ဇန်နဝါရီ ၂၃ ရက်တွင် ၄င်းကိုယ်ကို “ ယာယီသမ္မတ” အဖြစ် ထုတ်ဖော်ကြေညာခဲ့ပြီးနောက် ဖွဲ့ စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်များကို ချိုးဖောက်မှုအတွက် ထိုစဉ်ကတည်းက စုံစမ်းစစ်ဆေးခံနေပြီဖြစ်ကြောင်း Sabb က ပြောကြားခဲ့သည်။

ဗင်နီဇွဲလားနိုင်ငံအစိုးရအနေဖြင့် မတ် ၇ ရက်ကတည်းက စတင်ဖြစ်ပေါ်နေသည့် နိုင်ငံအတွင်း လျှပ်စစ်မီးပြတ်တောက်မှုကို ဖြေရှင်းနိုင်ရန် အပြင်းအထန် ကြိုးစားနေသည်။/

မတ် ၇ ရက်က လျှပ်စစ်မီးပြတ်တောက်မှုဖြစ်ပွားပြီး ၂ နာရီခန့် အကြာတွင် ဂွိုင်ဒိုက တွစ်တာလူမှုကွန်ရက်ပေါ်တွင် “ တိုင်းပြည်အာဏာကို တရားမဝင်ယူထားတာ အဆုံးသတ်တဲ့အချိန်ကြရင် ဗင်နီဇွဲလားနိုင်ငံမှာ မီးပြန်လာမှာပါ ” ဟူ၍ ရေးသားဖော်ပြခဲ့သည်။

အဆိုပါ မှတ်ချက်စကားနှင့်ပတ်သက်၍ ရှေ့ နေချုပ် Saab က “ ဂွိုင်ဒိုအနေဖြင့် ၄င်း၏ အတွင်းသရုပ်ကို ထုတ်ဖော်ပြခြင်း” ဟူ၍ ပြောကြားခဲ့သည်။

ဗင်နီဇွဲလားနိုင်ငံ၌ ဇန်နဝါရီ ၂၃ ရက်တွင် အစိုးရရေးဆန့် ကျင်ဆန္ဒပြပွဲများ ပေါ်ပေါက်နေစဉ်အတွင်း ဂွိုင်ဒိုက ၄င်းကိုယ်ကို “ ယာယီသမ္မတ” အဖြစ်ထုတ်ဖော်ကြေညာခဲ့ပြီး ယင်းကြေညာချက်အပေါ် အမေရိကန်နိုင်ငံက ချက်ချင်းထောက်ခံမှုပေးခဲ့သည့်အချိန်မှ  စတင်ကာ သမ္မတ နီကိုလပ်စ်မက်ဒူရို နှင့် အတိုက်အခံခေါင်းဆောင် ဂွိုင်ဒို တို့ အကြား နိုင်ငံရေးပဋိပက္ခ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။(Xinhua)