23
Tue, Jul
545 New Articles

ကိုလံဘီယာနိုင်ငံ အနောက်ပိုင်းတွင် ပြင်အား ၆.၁ အဆင့်ရှိ ငလျင်လှုပ်ခတ်

ကိုလံဘီယာနိုင်ငံ ကာတာဂျန်နမြို့မြင်ကွင်းအား တွေ့ရစဉ်(ဓါတ်ပုံ - အင်တာနက်) Latin America

ဘိုဂိုတာ၊ မတ် ၂၄ ရက်(ဆင်ဟွာ)

ကိုလံဘီယာနိုင်ငံ အနောက်ပိုင်း Valle del Caucaပြည်နယ်El Dovioမြို့အနီးတွင် မတ်၂၃ ရက်က ပြင်းအား ၆.၁ အဆင့် ငလျင်လှုပ်ခတ်ခဲ့ရာ ၄င်းပြည်နယ်ရှိ နေရာအမြောက်အမြားတွင် ငလျင်လှုပ်ခတ်မှုကို သိရှိခံစားခဲ့ရကြောင်း သိရသည်။ လက်ရှိတွင်သေဆုံးဒဏ်ရာရမှုနှင့် ပျက်စီးဆုံးရှုံးမှု စာရင်းမထွက်ရှိသေးကြောင်း သိရသည်။ 

အဆိုပါငလျင်မှာ မတ် ၂၃ ရက် ဒေသစံတော်ချိန် ၁၄ နာရီ ၂၁ မိနစ်တွင် El Dovioမြို့အနောက်မြောက်ဘက် ၇ ကီလိုမီတာအကွာ၌ မြေအောက်အနက် ၁၁၃.၃ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးဌာန(USGS)၏ သတင်းများအရ သိရသည်။ 

ယခုငလျင်မှာ ပြင်းအား အဆင့် ၆ ရှိပြီး မြေအောက်အနက် ၁၂၄ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း ကိုလံဘီယာ မြေငလျင်တိုင်းတာရေးဌာနက ဆိုသည်။  (Xinhua)