24
Fri, May
584 New Articles

ကိုလံဘီယာနိုင်ငံတွင် မြေပြိုမှုကြောင့် အနည်းဆုံး လူ ၁၄ ဦးသေဆုံး

ကိုလံဘီယာတွင် ယခင်ကဖြစ်ပွားခဲ့သည့် တောင်ပြိုမှုတစ်ခုအား တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်) Latin America

ဘိုဂိုတာ၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ)

မိုးသည်းထန်စွာဆက်တိုက်ရွာသွန်းမှုများကြောင့် ကိုလံဘီယာနိုင်ငံ နောက်တောင်ပိုင်း Caucaပြည်နယ် ၊Rosas မြို့တွင်  ဧပြီ ၂၁ ရက်နံနက်ပိုင်းက တောင်ပြိုမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၄ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ထို့အပြင် အခြားလူ ၂၀ ပျောက်ဆုံးနေကြောင်း ကိုလံဘီယာနိုင်ငံ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနက ယင်းနေ့တွင် ပြောကြားခဲ့သည်။ 

Rosas မြို့ဆင်ခြေဖုံးရှိ ယာဉ်သွားလမ်းမအနီးတွင် ဧပြီ ၂၁ ရက် နံနက်ပိုင်းက တောင်ပြိုကျမှု ဖြစ်ပွားရာ အနီးတစ်ဝိုက်ရှိ  လူနေအိမ်များ ပျက်စီးခဲ့သလို  လူသေဆုံးဒဏ်ရာရမှုများဖြစ်ပွားခဲ့ကြောင်း ၊ ၄င်းဒေသတွင် နေထိုင်သူများအား အရေးပေါ်ရှင်းလင်းရေးများလုပ်ဆောင်လျက်ရှိကြောင်းနှင့် ကူညီကယ်ဆယ်ရေးသမားများကလည်း အချင်းဖြစ်နေရာတွင် ရှာဖွေကယ်ဆယ်မှုများပြုလုပ်နေ ကြောင်း ကိုလံဘီယာနိုင်ငံ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာန၏ လူမှုမီဒီယာတွင် ထုတ်ပြန်သည့် သတင်းများအရသိရသည်။ 

ရဲတပ်ဖွဲ့အနေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို လိုက်ပါဆောင်ရွက်လျက်ရှိပြီး ဆေးကုသရေး ၀န်ထမ်းများက အချင်းဖြစ်နေရာတွင် ကယ်ဆယ်ကုသမှုများပြုလုပ်နေကြောင်း Caucaပြည်နယ် ပြည်နယ်အုပ်ချုပ်ရေးမှူးက ၄င်း၏ လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။(Xinhua)