22
Mon, Jul
550 New Articles

ဘရာဇီးနိုင်ငံ တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၇ ဦး သေဆုံး

ဘရာဇီးနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက်တွေ့ရစဉ် (အင်တာနက်) Latin America

ရီယိုဒီဂျနေရို၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) 

ဘရာဇီးနိုင်ငံ၏ အရှေ့မြောက်ပြည်နယ် ဖြစ်သော Pernaumbuco ပြည်နယ် ၏ မြို့တော်Recife မြို့တွင် မိုးသည်းထန်စွာ အပြင်းအထန်ရွာသွန်းခဲ့ပြီးနောက် အနည်းဆုံးလူ ၇ ဦးသေဆုံးခဲ့ပြီး အခြားလူ ၃ဦးပျောက်ဆုံးလျက်ရှိကြောင်း ဘရာဇီးနိုင်ငံ ၏ မြို့တော် အရှေ့မြောက်ပြည်နယ်၊ Pernaumbuco မြို့ ၏ မီးသတ်သမားက ဇွန် ၁၄ ရက် တွင်ပြောသည်။ 

Recife ပင်လယ်ဆိပ်ကမ်းမြို့၏ မြို့စွန်ပိုင်းဖြစ်သော Camaragibe မြို့တွင် မြေပြိုမှုကြောင့် အိမ်လေးလုံးပြိုကျခဲ့ကာ လူ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

Camaragibe မြို့တွင် ကလေးငယ်နှစ်ဦးပျောက်ဆုံးလျက်ရှိကြောင်း သတင်းများတွင်ဖော်ပြခဲ့သည်။ အသက်၂၀ အရွယ်ရှိ လူငယ်တစ်ဦးသည်လည်း မြစ်တွင်းရေချိုးနေစဉ် မြစ်တွင်းသို့မျောပါသွားခဲ့သည်။ 

မိုးသည်းထန်စွာရွာသွန်းခဲ့သည့်အတွက် Recife ပင်လယ်ကမ်းစပ်မြို့တွင်  ရေလွှမ်းမိုးမှုဖြစ်ပေါ်ခြင်းနှင့် သစ်ပင်များပြိုလဲမှုကြောင့် အချို့သောလမ်းများ ပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

 

Recife မြို့တွင် ၆နာရီအတွင်း  မိုးရေချိန် ၁၁၇ မီလီမီတာ ရှိခဲ့သည်ဟု  Pernaumbuco ရေနှင့်ရာသီဥတုဆိုင်ရာဌာန က  ၎င်းတို့ အနေဖြင့် မှတ်တမ်းတင် ခဲ့ကြောင်းဇွန်လ ၁၃ ရက်ကပြောခဲ့သည်။ ထိုဒေသတွင် ဆယ်ရက်ခန့်မိုးသည်းထန်စွာရွာသွန်းခဲ့ကြောင်း သိရသည်။  (Xinhua)