ဘရာဇီးနိုင်ငံ သစ်တောတွင် လေယာဉ်ပျက်ကျမှုတွင် လူ ၁၀ ဦး ဒဏ်ရာရ

ဘရာဇီးနိုင်ငံ အမေဇုံသစ်တောဒေသတွင် လေယာဉ်တစ်စင်း ပျက်ကျနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်) Latin America

ရီယိုဒီဂျနေရိုး၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ အမေဇုံသစ်တောဒေသတွင် လေယာဉ်တစ်စင်း ပျက်ကျမှုတွင် လူ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ အာဏာပိုင်များက စက်တင်ဘာလ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

အင်ဂျင်တစ်လုံးထိုး Cessna လေယာဉ်တစ်စင်းသည် ဘရာဇီးနိုင်ငံ မြောက်ပိုင်း အမေဇုံနက်စ်ပြည်နယ်၊ မာနာ့စ်မြို့မှ ပျံတက်ပြီးနောက် သစ်တောဧရိယာအတွင်း ခက်ခဲစွာ ဝင်ရောက်စဉ်တွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။

ဘရာဇီးနိုင်ငံ လေတပ်၏ ရဟတ်ယာဉ်များသည် ပျက်ကျသည့်လေယာဉ်နှင့် ဒဏ်ရာရသူများအား ကယ်ဆယ်ရန် ဒေသခံ မီးသတ်ဌာနမှ အဖွဲ့ဝင်များအား တင်ဆောင်သွားခဲ့ကြောင်း သိရသည်။

ပျက်ကျသွားသည့် လေယာဉ်ငယ်ပေါ် လိုက်ပါသွားသူအားလုံး အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး အနီးဝန်းကျင်ရှိ ဆေးရုံများသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

လေယာဉ်ပျက်ကျပြီးနောက် မာနာ့စ်လေဆိပ်အား တစ်နာရီကျော် ပိတ်ထားခဲ့ပြီး လေယာဉ်များစွာ လမ်းကြောင်းလွှဲ ပြေးဆွဲခဲ့ရကြောင်း လေဆိပ် အခြေခံအဆောက်အအုံ လုပ်ဆောင်သည့် Infraero ကုမ္ပဏီ၏ ပြောကြားချက်အရ သိရသည်။ (Xinhua)