25
Thu, Apr
600 New Articles

မက်ဒရစ်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

အာဂျင်တီးနားနိုင်ငံလက်ရွေးစင်ဘောလုံးအသင်း ၏ နည်းပြ လီယိုနယ်လ်စကယ်လိုနီ (Lionel Scaloni) သည် ယာဉ်မတော်တဆမှု ဖြစ်ပွားပြီးနောက် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အတွက် စပိန်နိုင်ငံ Mallorca ကျွန်းရှိ နီးစပ်ရာဆေးရုံသို့ ဧပြီလ ၉ ရက်နေ့တွင်ခေါ်ဆောင်သွားခဲ့ရကြောင်း သိရသည်။

ဝါရှင်တန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အမိမြေလုံခြုံရေး ဝန်ကြီး ကာ့စ်ဂျန် နီလ်ဆန် (Kirstjen Nielsen) ရာထူးမှနုတ်ထွက်တော့မည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ဧပြီလ ၇ ရက်တွင် တွစ်တာပေါ်၌ ရေးသားထားသည်။

ရီယိုဒီဂျနေးရိုး၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ မြောက်ပိုင်း ပါရာပြည်နယ်တွင် ဧပြီလ ၆ ရက် အစောပိုင်းက တံတားတစ်စင်း တစ်စိတ်တစ်ပိုင်း ပြိုကျပြီးနောက် မြစ်အတွင်းသို့ ပြုတ်ကျသွားခဲ့ကြောင်း သေဆုံး၊ ဒဏ်ရာရသူများ ရှိနိုင်ကြောင်း အာဏာပိုင်းများက ပြောကြားခဲ့သည်။

ဟာဗာနား ဧပြီ ၆ ရက် (ဆင်ဟွာ)

ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များကြောင့် တောမီးများပိုမိုလောင်ကျွမ်းနိုင်ကြောင်း ကျူးဘားနိုင်ငံ ၏ အဆင့်မြင့်အရာရှိ တစ်ဦးက ခန့်မှန်းပြောကြားသည်။ 

ဝါရှင်တန်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန၊ နို်င်ငံတကာရေးရာ လက်ထောက်ဝန်ကြီး ဒေးဗစ် မောပတ်စ် (David Malpass) သည် ၂၀၁၉ ခုနှစ် ဧပြီလ ၉ ရက်တွင် စတင်တာဝန်ထမ်းဆောင်မည့် ကမ္ဘာ့ဘဏ်အုပ်စု၏ ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်ခြင်းခံရကြောင်း ဧပြီလ ၅ ရက်တွင် ထုတ်ပြန်လိုက်သည့် ကမ္ဘာ့ဘဏ်အုပ်စုက ပြောကြားခဲ့သည်။

ဝါရှင်တန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး သဘောတူညီချက်ပါ စာသားများအရ စဉ်ဆက်မပြတ် တိုးတက်မှုအသစ် ပြုလုပ်နိုင်ခဲ့ကြောင်း ဧပြီလ ၄ ရက်တွင် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ထံ ပေးပို့သော သဝဏ်လွှာ၌ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

မက္ကဆီကိုစီးတီး၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အကြံပြုထားသည့်အတိုင်း ရွှေ့ပြောင်းသွားလာမှုများအား တားဆီးရန် မက္ကဆီကို-အမေရိကန် နယ်စပ်အား ပိတ်ပစ်ပါက မက္ကဆီကိုရော အမေရိကန်အတွက်ပါ အကျိုးရှိမည်မဟုတ်ကြောင်း မက္ကဆီကိုနိုင်ငံ သမ္မတ အန်ဒရီးစ် မန်နျူရယ် လိုပတ်ဇ် အိုဘရာဒေါ (Andres Manuel Lopez Obrador) က ဧပြီလ ၃ ရက်က ပြောကြားလိုက်သည်။

ဝါရှင်တန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) 

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က လူဝင်မှုကြီးကြပ်ရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာနှင့် ပတ်သက်၍ ကွန်ဂရက်နှင့် သဘောတူညီချက် မရရှိခဲ့ပါက တောင်ပိုင်းနယ်စပ်အား ၁၀၀ ရာခိုင်နှုန်း ပိတ်ပစ်ရန် အသင့်ရှိကြောင်း ဧပြီလ ၂ ရက်တွင် သတိပေးလိုက်သည်။

ဗျူရိုအေးရိစ်၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

အာဂျင်တီးနားနိုင်ငံ သမ္မတ မော်ရီစီယို မက်ခ်ရီ (Mauricio Macri) သည် အောက်တိုဘာလတွင် ပြုလုပ်မည့် သမ္မတ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးပမ်းနေကြောင်း ပြည်ထဲရေး၊ ဆောက်လုပ်ရေးနှင့် အိုးအိမ် ဝန်ကြီး ရိုဂီလီယို ဖရီဂါရီယို (Rogelio Frigerio) က ဧပြီလ ၂ ရက်တွင် ပြောကြားလိုက်သည်။

ကာရာကာ့စ် ၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံ တရားသူကြီးချုပ် Maikel Moreno က အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုက်ဒို(Juan Guaido) အား နိုင်ငံမှ ထွက်ခွာခွင့်ကို တားဆီးသွားရန် နှင့် ၄င်းအား ဥပဒေကြောင်းအရ တရားစွဲဆိုခွင့်မှ ကာကွယ်ပေးထားမှုကို အမျိုးသားလွှတ်တော်ညီလာခံ(ANC)က ဖယ်ရှားသွားရန် ဧပြီ ၁ ရက်တွင် ထပ်လောင်းအတည်ပြုခဲ့သည်။