22
Mon, Jul
550 New Articles

ကာရာကာ့စ် ၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံ တရားသူကြီးချုပ် Maikel Moreno က အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုက်ဒို(Juan Guaido) အား နိုင်ငံမှ ထွက်ခွာခွင့်ကို တားဆီးသွားရန် နှင့် ၄င်းအား ဥပဒေကြောင်းအရ တရားစွဲဆိုခွင့်မှ ကာကွယ်ပေးထားမှုကို အမျိုးသားလွှတ်တော်ညီလာခံ(ANC)က ဖယ်ရှားသွားရန် ဧပြီ ၁ ရက်တွင် ထပ်လောင်းအတည်ပြုခဲ့သည်။

လီမာ၊ ဧပြီ ၁ ရက်(ဆင်ဟွာ)

ပီရူးနိုင်ငံ အနောက်မြောက်ပိုင်း   La Libertadပြည်နယ် ရှိ တရားမ၀င် သတ္တုတွင်းတစ်ခုတွင် မတ် ၃၀ ရက် ညပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ သတ္တုတွင်းလုပ်သား ၈ ဦး ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် အသက်ရှုကျပ်သေဆုံးခဲ့ကြောင်း  ပီရူးသတင်းမီဒီယာ၏ မတ်လ ၃၁ ရက် သတင်းများအရ သိရသည်။

လီမာ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

ပီရူးနိုင်ငံ မြို့တော် လီမာတွင် မတ်လ ၃၁ ရက် ညပိုင်းက ဘတ်စ်ကားတစ်စီး မီးလောင်မှုကြောင့် လူ ၂၀ ဦးထက်မနည်း သေဆုံးကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။

နယူးယောက်၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

ပီရူးနိုင်ငံ Chimbote မြို့ အနောက်တောင်ဘက် ၁၂၉ကီလိုမီတာ အကွာတွင် မတ် ၃၁ရက် ဂရင်းနစ်စံတော်ချိန် ၁၅၂၇နာရီတွင် အင်အား ၅.၄ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့ က ပြောကြားခဲ့သည်။

ပေကျင်း၊ မတ် ၃၁ ရက် (ဆင်ဟွာ)

အီကွေဒေါနိုင်ငံ အနောက်တောင်ပိုင်း ဆန်တာအယ်လန်နာမြို့အနီး၌ မတ်လ ၃၁ ရက် ဂရင်းနစ်စံတော်ချိန် နံနက် ၇း၀၄ နာရီက အင်အား ၆.၂ ပမာဏရှိသော ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးထံမှ သိရသည်။

ကာရာကပ်စ်၊ မတ် ၂၉ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံ အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုင်ဒို(Juan Guaido)သည် ၎င်း၏ ဘဏ္ဍာရေးမှတ်တမ်းများ မဟုတ်မမှန်ပြသမှုအား စစ်ဆေးပြီးနောက်ပိုင်း အစိုးရ၀န်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခွင့်ကို ၁၅ နှစ် ရပ်ဆိုင်းလိုက်ကြောင်း ဗင်နီဇွဲလားနိုင်ငံ၏ ငွေကြေးဆိုင်ရာ အထွေထွေအရာရှိချုပ် Elvis Amoroso က မတ် ၂၈ ရက်က ပြောကြားသည်။

ရီယိုဒီဂျနေးရိုး၊ မတ် ၂၉ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ သမ္မတဟောင်း မစ်ချယ် တီမာ (Michel Temer) သည် အကျင့်ပျက်ခြစားမှုတစ်ခု စုံစမ်းစစ်ဆေးရာ၌ အဖမ်းခံရပြီး တစ်ပတ်အကြာတွင် ဒုတိယမြောက်အမှုတစ်ခုအတွက် မတ်လ ၂၈ ရက်တွင် စွဲချက်တင်ခံခဲ့ရကြောင်း သိရသည်။

ကာရာကာ့စ် ၊ မတ် ၂၉ ရက်(ဆင်ဟွာ)

ဗင်နီဇွဲလား နိုင်ငံ၏ အမျိုးသား လျှပ်စစ် ဓာတ်အား စနစ်အား ယခုလအတွင်း တိုက်ခိုက်ခံခဲ့ရပြီးနောက် ပြန်လည် တည်ဆောက်ရေး လုပ်ငန်း အဆင့် အသစ် တစ်ခုအား စတင်ခဲ့ကြောင်း ဗင်နီဇွဲလား ဆက်သွယ်ရေး ၀န်ကြီး Jorge Rodriguez က မတ် ၂၈ ရက်တွင် ကြေညာခဲ့သည်။

 

မော်စကို ၊ မတ် ၂၇ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က ရုရှား နိုင်ငံ စစ်ဘက်ဆိုင်ရာ ပညာရှင်များ အနေဖြင့် ဗင်နီဇွဲလား နိုင်ငံ နှင့် စစ်ဘက်ဆိုင်ရာ နည်းပညာ ပူးပေါင်းဆောင်ရွက်ရန် အတွက် ဗင်နီးဇွဲလား နိုင်ငံ သို့ ရောက်ရှိနေပြီး ယင်းဆောင်ရွက်မှု က ဗင်နီဇွဲလား နိုင်ငံ အခြေခံဥပဒေ နှင့် အခြား ဥပဒေ များနှင့် ကိုက်ညီကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

ကာရာကာ့စ် ၊ မတ် ၂၆ ရက်(ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံ ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Jorge Rodriguez က နိုင်ငံ၏အဓိက ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ Guri သည် နောက်ထပ်တစ်ဖန် အဖျက်အမှောင့်လုပ်ငန်းနှင့် ထပ်မံကြုံတွေ့ ခဲ့ရကြောင်း ၊ နိုင်ငံအတွင်းရှိ ဒေသများစွာတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း ၊ သို့ သော် အာဏာပိုင်များအနေဖြင့် လျှပ်စစ်ဓာတ်အား အမြန်ဆုံးပြန်လည်ရရှိရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း မတ် ၂၅ ရက်တွင် ပြောကြားခဲ့သည်။