09
Mon, Dec
484 New Articles

လီမာ ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ)

ပီရူးနိုင်ငံအစိုးရအာဏာပိုင်များက ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း လောင်စာဆီခိုးထုတ်မှုများဖြင့် အဆင့်မြင့်စစ်ဘက်အရာရှိအချို့အပါအဝင် ပီရူးစစ်တပ်မှ အရာရှိ ၂၇ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ဒေသမီဒီယာက ဒီဇင်ဘာ ၈ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ဆန်တီရာဂို၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

ချီလီနိုင်ငံ မြောက်ပိုင်းရှိ ချောက်တစ်ခုအတွင်း ခရီးသည်တင်ဘတ်စ်ကားတစ်စီး ပြုတ်ကျပြီးနောက် လူ ၂၁ ဦးသေဆုံးခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ဒီဇင်ဘာ ၂ ရက်တွင် ပြောကြားလိုက်သည်။

ရီရိုဒီဂျနေရို ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ဆာအိုပေါ်လိုမြို့၌ ဒီဇင်ဘာ ၁ ရက်ကပြုလုပ်သော လူပေါင်းများစွာ ပါဝင်သည့် လမ်းပေါ်ကပွဲတစ်ခု၌ လူအုပ်ပိမိမှုဖြစ်ပွားရာ အနည်းဆုံး လူ ၉ ဦီး သေဆုံးပြီး အခြားလူ ၇ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။

ဘိုဂိုတာ ၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ)

ကိုလံဘီယာ နိုင်ငံ မြို့တော် ဘိုဂိုတာ၌ ပထမဆုံး မြေအောက်ရထားလမ်း ဖောက်လုပ်ရန် သမ္မတ Ivan Duque က တရုတ် ရထားလမ်း ဆောက်လုပ်ရေး လုပ်ငန်းစု  ဖြစ်သည့် APCA Transmimetro နှင့် နိုဝင်ဘာ ၂၇ ရက်တွင် စာချုပ် လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

ဟာဗားနား၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံက ကျူးဘားနိုင်ငံ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လျက်ရှိကြောင်း ကျူးဘားနိုင်ငံ ဝန်ကြီးချုပ် ဘရူနို ရိုဒရီဂုဇ် (Bruno Rodriguez) က နိုဝင်ဘာ ၂၆ ရက်က စွပ်စွဲလိုက်သည်။

လီမာ၊နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ)

ပီရူးနိုင်ငံအလယ်ပိုင်း Huánucoပြည်နယ်တွင် နိုဝင်ဘာ ၂၄ ရက်က  အဝေးပြေးခရီးသည်တင်ယာဉ်တစ်စီးတောင်ချောက်ထဲထိုးကျမှုဖြစ်ပွားရာ လူ ၁၀ ဦးသေဆုံးခဲ့ပြီး လူ ၂၀ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဘိုဂိုတာ၊ နိုဝင်ဘာ ၂၃ ရက်(ဆင်ဟွာ) 

ကိုလံဘီယာနိုင်ငံ၏ အနောက်ပိုင်း Valle del Cauca ပြည်နယ် တွင် နိုဝင်ဘာ ၂၁ ရက်တွင်ဖြစ်ပွားခဲ့သည့် နိုင်ငံလုံးဆိုင်ရာဆန္ဒပြမှုတစ်ခုတွင် အနည်းဆုံးလူ ၃ ဦး သေဆုံးခဲ့ကြောင်း ကိုလံဘီယာနိုင်ငံ ကာကွယ်ရေးဝန်ကြီး Carlos Holmes Trujillo က နိုဝင်ဘာ ၂၂ ရက်တွင်ပြောသည်။ 

ဘရာဇီးလီယာ၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဟောင်ကောင်တွင် လက်ရှိလုပ်ဆောင်ရမည့်တာဝန်မှာ အကြမ်းဖက်မှုနှင့် ပဋိပက္ခများ အဆုံးသတ်ရန်နှင့် ဉပဒေပြန်လည်စိုးမိုးရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘရာဇီးလီးယား၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် (Vladimir Putin) တို့သည် နိုဝင်ဘာ ၁၃ ရက်တွင် တွေ့ဆုံကာ အပြုသဘောဆောင်ပြီး ခိုင်မာသော အရှိန်အဟုန်ဖြင့် တရုတ်-ရုရှား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု အဆင့်မြှင့်တင်ရေးအတွက် ထိန်းသိမ်းရန် တိုက်တွန်းခဲ့ကြကြောင်း သိရသည်။

ရီယိုဒီဂျနေရို ၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံ သမ္မတ(ဟောင်း) လူးဝစ်အင်နာဆီယိုလုလာဒါ ဆေးလ်ဗား( Luiz Inacio Lula da Silva) သည် နိုဝင်ဘာ ၈ ရက် မွန်းလွဲပိုင်းတွင် ဘရာဇီးနိုင်ငံတောင်ပိုင်း Curitiba အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း သိရသည်။