23
Wed, Jan
660 New Articles

ဗျူနိုအေးရိစ်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အာဂျင်တီးနားနိုင်ငံအကြား အဓိကပူးပေါင်းဆောင်ရွက်မှုများအနက်တစ်ခုက အာဂျင်တီးနားနိုင်ငံ၏ ကုန်စည်နှင့် ခရီးသည်တင် ရထားများအပါအဝင် သက်တမ်းရင့်ရထားလမ်းကွန်ရက်၌ တိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်ထားကြောင်း သိရသည်။

ကွီတို၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ)

အီကွေဒေါနိုင်ငံသမ္မတ Lenín Morenoက တရားစီရင်ရန် စုံစမ်းစစ်ဆေးခံနေရသည့် ၄င်းနိုင်ငံ ဒုတိယသမ္မတ María Alejandra Vicuñaအား ရာထူးမှ ရပ်ဆိုင်းကြောင်း ဒီဇင်ဘာ ၃ ရက်တွင် ကြေညာခဲ့သည်။ 

ပနားမားစီးတီး၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ပနားမားခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံရေးတွင် မှတ်ကျောက်တွင်စေမည်ဖြစ်ကြောင်း ပနားမားနိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Luis Miguel Hincapie ကပြောကြားခဲ့သည်။

ဗျူနိုအေးရိစ် ၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ)

ကမ္ဘာ့ စီးပွားရေးအဓိက နိုင်ငံများမှ ခေါင်းဆောင်များအုပ်စု(G20) ထိပ်သီးအစည်းအဝေးကို နှစ်ရက်တာကျင်းပခဲ့ပြီး ယင်းအခမ်းအနားတွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က “ ကမ္ဘာ့ စီးပွားရေး လမ်းကြောင်းမှန်ပေါ်ရောက်အောင် မောင်းနှင်သွားကြရန်”  အဖွဲ့ ဝင်နိုင်ငံများအား  ဒီဇင်ဘာ ၁ ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။

EL CALAFATE ၊ အာဂျင်တီးနား၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

“ကျွန်တော်တို့ တိုးတက်မှုများစွာ လုပ်ဆောင်နိုင်ခဲ့ပါပြီ” ဟု အာဂျင်တီးနားနိုင်ငံ တောင်ဘက် Santa Cruz ပြည်နယ်ရှိ တရုတ်-အာဂျင်တီးနား ရေအားလျှပ်စစ် စီမံကိန်းကြီး၏ တစ်စိတ်တစ်ပိုင်းဖြစ်သော La Barrancosa ဆည်၏ ဒေသတွင်း မြေမျက်နှာသွင်ပြင်ဆိုင်ရာ ကျွမ်းကျင်သူ Victor Belisario က ပြောကြားခဲ့သည်။

ပေကျင်း၊ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ)

စိန်ခေါ်မှုများမြင့်တက်နေသည့်ကြားမှပင် ၁၃ ကြိမ်မြောက်ဂျီ-၂၀ အစည်းအဝေး၌နိုင်ငံပေါင်း

စုံအကျိုးတူမူဝါဒနှင့် ပိုမိုကြီးမားသော စုစည်း မှုတို့ကိုထောက်ခံခဲ့သော  တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှီကျင့်ဖိန် ၏ပြောကြားမှု မှတ်ချက်များအပေါ် ကမ္ဘာတစ်ဝန်းမှပင်ကြီးမားစွာထောက်ခံခဲ့ကြကြောင်းတွေ့ရပေသည်။

ဗျူနိုအေးရိစ် ၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

 

တရုတ်-အမေရိကန် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး သဘောထားကွဲလွဲမှုများကို ဖြေရှင်းရန် မှော်စွမ်းအားတစ်ခုရှိမည်ဆိုပါက ယင်းမှာ ရိုးသားဖြောင့်မတ်မှုပင်ဖြစ်သည်။ 

ဗျူနိုအေးရိစ်၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့သည် ဒီဇင်ဘာ ၁ ရက် ညပိုင်းတွင် အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့၌ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပြီး တရုတ်-အမေရိကန် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးပြဿနာနှင့် စပ်လျဉ်း၍ သဘောတူညီမှုများ ရရှိခဲ့ကြောင်း တရုတ်ကုန်သွယ်ရေးအဖွဲ့၏သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။

ဗျူနိုအေးရိစ် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်တို့ သည် “ အနာဂတ်ကာလတွင် သင့်တော်သောအချိန်တစ်ခု၌ နှစ်နိုင်ငံအပြန်အလှန် လည်ပတ်ကြရန်” သဘောတူညီမှုရရှိခဲ့ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိက ဒီဇင်ဘာ ၁ ရက် ညပိုင်းတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ဗျူနိုအေးရိစ် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်တို့ သည် တရုတ်-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး အောင်မြင်စေရန် “ လုပ်နိုင်တာ နှင့် လုပ်သင့်တာ” များကို အသေအချာ လုပ်ဆောင်သွားမည်ဟု ဒီဇင်ဘာ ၁ ရက်တွင် သဘောတူညီခဲ့ကြကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ယိ က ထုတ်ဖော်ပြောကြားခဲ့သည်။