22
Thu, Aug
523 New Articles

ဘရာစီးလီယာ၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်း Fortaleza မြို့ရှိ ကပွဲကလပ်တစ်ခု၌ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၄ ဦး သေဆုံးပြီး အခြားသူ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ဇန်နဝါရီလ ၂၇ ရက်က အတည်ပြုပြောကြားခဲ့သည်။

မွန်တီဗီဒီယို ၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် ဥရုဂွေး နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Rodolfo Nin Novoa တို့က ဇန်နဝါရီ ၂၄ ရက်နေ့၌ ဥရုဂွေး နိုင်ငံ မြို့တော် မွန်တီဗီဒီယို တွင် တွေ့ဆုံဆွေးနွေးမှု တစ်ရပ်   ပြုလုပ် ခဲ့သည်။

မွန်တီဗီဒီယို ၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

ဥရုဂွေး နိုင်ငံ သမ္မတ Tabaré Vázquez က ဇန်နဝါရီ ၂၄ ရက်နေ့ ၌ သမ္မတ အိမ်တော် တွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိ နှင့် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ပြုလုပ်ခဲ့သည်။

ဆန်တီယာဂို၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက အဆိုပြုထားသော ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုတွင် ဘိုလီးဗီးယားနိုင်ငံမှ ပါဝင်ဆောင်ရွက်မှုအတွက် တရုတ်နိုင်ငံက ကျေးဇူးတင်ကြောင်းနှင့် နယ်ပယ်ပေါင်းစုံ၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဇန်နဝါရီလ ၂၃ ရက်တွင် ပြောကြားလိုက်သည်။

ဆန်တီယာဂို၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နှင့် ဗင်နီဇွဲလားနိုင်ငံတို့သည် ၎င်းတို့၏ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး နက်ရှိုင်းလာစေရန် ဆန္ဒရှိကြောင်း နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများက ဇန်နဝါရီ ၂၂ရက်တွင် ဆန်တီယာဂိုမြို့ ၌တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ဆန်တီယာဂို ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

ချီလီ နိုင်ငံ သမ္မတ Michelle Bachelet နှင့် တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တို့က ဇန်နဝါရီ ၂၂ ရက်နေ့ တွင် ချီလီ နိုင်ငံ မြို့တော် ဆန်တီယာဂို တွင် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ပြုလုပ်ခဲ့သည်။

ရီယိုဒီဂျနေရို၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ)

ကမ္ဘာ့ ချန်ပီယံဘရာဇီးဘောလုံးအသင်း ကစားသမား နှင့် ဖီဖာ(FIFA) ကမ္ဘာ့ အကောင်းဆုံးဘောလုံးသမားဆု ၂ ကြိမ်ဆွတ်ခူးရရှိထားသော ကမ္ဘာကျော်ဘောလုံးသမား ရော်နယ်ဒင်ဟိုသည် ဘောလုံးလောကမှ တရားဝင် အနားယူသွားခဲ့ပြီဖြစ်သည်။ ၄င်းသည် လွန်ခဲ့သော နှစ်နှစ်ကျော်က ဘောလုံး နောက်ဆုံးကစားခဲ့ပြီး ယခုအခါ အနားယူကြောင်း ထုတ်ဖော်ကြေညာခဲ့ခြင်းဖြစ်သည်။ 

ဘိုဂိုတာ ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ)

ကိုလံဘီယာနိုင်ငံ စစ်တပ် ရဟတ်ယာဉ်တစ်စင်းသည် ဇန်နဝါရီလ ၁၆ ရက်တွင် နိုင်ငံအနောက်မြောက်ပိုင်း Antioquia ပြည်နယ်၌ ပျက်ကျသွားခဲ့ရာ အနည်းဆုံး လူ ၇ ဦးသေဆုံးသွားကြောင်း စစ်တပ်သတင်းအရင်းမြစ် အရ သိရသည်။

ဘိုဂိုတာ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

ကိုလံဘီယာနိုင်ငံ အလယ်ပိုင်းတွင် ဇန်နဝါရီ ၁၅ ရက်က ဆောက်လက်စ တံတားတစ်စင်းပြိုကျမှုကြောင့် အနည်းဆုံး လူ ၁၀ဦးသေဆုံးခဲ့ကြောင်း သိရသည်။

လီမာ ၊ ဇန်နဝါရီ ၁၅ ရက်(ဆင်ဟွာ)

ပီရူးနိုင်ငံ၌ ဇန်နဝါရီလ ၁၄ ရက်တွင် ပြင်းအား ၇.၃ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် လူ ၂ ဦးသေဆုံးကာ ငလျင်ဒဏ်ကြောင့် မိုင်းတွင်ပြိုကျမှုဖြစ်ပွားခဲ့ပြီး အခြား လူ ၁၇ ဦးပျောက်ဆုံးလျက် ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။