21
Wed, Aug
526 New Articles

ကာရာကာ့စ်၊ မေ ၂၅ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံ အနောက်မြောက်ပိုင်းရှိ အကျဉ်းထောင်တစ်ခုတွင် မေလ ၂၄ ရက်က ဆူပူမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး အကျဉ်းသား ၂၃ ဦး သေဆုံးခဲ့ကြောင်း ဒေသခံမီဒီယာသတင်းများအရ သိရသည်။

ရီယိုဒီဂျနေရိုး ၊ မေ ၂ဝ ရက်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံမြောက်ပိုင်း ပါရာပြည်နယ်(Para) အတွင်းရှိ အရက်ဘားတစ်ခု၌ မေ ၁၉ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ အနည်းဆုံးလူ ၁၁ ဦးသေဆုံးသွားကြောင်း ရဲတပ်ဖွဲ့ ကပြောကြားခဲ့သည်။

ကာရာကပ်စ်၊ မေ ၁၉ ရက်(ဆင်ဟွာ)

ပြည်တွင်းနိုင်ငံရေးပဋ္ဋိပက္ခများကို ငြိမ်းချမ်းရေးနည်းလမ်းဖြင့် အဖြေရှာရန် ဗင်နီဇွဲလား အစိုးရ ကိုယ်စားလှယ်အဖွဲ့သည် အတိုက်အခံပါတီနှင့် နော်ဝေတွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း  ဗင်နီဇွဲလား သမ္မတ  နီကိုးလပ်စ် မာဒူရို (Nicolas Maduro)  က မေ ၁၇ ရက် ညပိုင်းတွင် ရုပ်မြင်သံကြားမှတစ်ဆင့် အတည်ပြုပြောကြားခဲ့ သည်။ 

ကာရာကာ့စ်၊ မေ ၁၇ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံသို့ တရုတ်နိုင်ငံမှ ပေးပို့လိုက်သော တတိယအကြိမ်မြောက်တင်ပို့လိုက်သော ဆေးများနှင့် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ ၆၄ တန်အား မေလ ၁၆ ရက်က လက်ခံရရှိခဲ့ကြောင်း ဗင်နီဇွဲလား တာဝန်ရှိသူတစ်ဦးက ပြောသည်။

မာနာဂွာ ၊ မေ ၁၇ ရက်(ဆင်ဟွာ)

ပစိဖိတ် ဒေသရှိ နီကာရာဂွာ နိုင်ငံတွင် အင်အားပြင်း ငလျင် နှင့် နောက်ဆက်တွဲ ငလျင်ငယ်များသည် မေ ၁၆ ရက်တွင် လှုပ်ခတ်ခဲ့မှုကြောင့် နိုင်ငံတွင်းရှိ အဆောက်အဦများ ယိမ်းယိုင် သွားခဲ့ပြီး နေထိုင်သူ အချို့ အား ကယ်ဆယ်မှုများ ပြုလုပ်ခဲ့ကြောင်း တရားဝင် ထုတ်ပြန်မှုများ အရ သိရသည်။

ဝါရှင်တန်၊ မေ ၁၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် နှစ်နိုင်ငံ ဆက်ဆံရေးမြှင့်တင်ရန် ဇွန်လအတွင်း တောင်ကိုရီယားနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က မေလ ၁၅ ရက်တွင် ပြောကြားလိုက်သည်။

ဝါရှင်တန် ၊ မေ ၁၆ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန က ဗင်နီဇွဲလား နိုင်ငံ အခြေအနေ က လုံခြုံရေး အား ခြိမ်းခြောက်မှု ဖြစ်စေသည် ဟု သတ်မှတ်၍ အမေရိကန် နိုင်ငံ နှင့် ဗင်နီဇွဲလား နိုင်ငံ အကြား အပြန်အလှန် ပျံသန်း သည့် အရပ်ဖက် လေကြောင်း ခရီးစဉ် များ အား ရပ်ဆိုင်းရန် မေလ ၁၅ ရက် ၌ ထုတ်ပြန် ကြေညာ ခဲ့သည်။

ဟာဗားနား ၊ မေ ၁၃ ရက် (ဆင်ဟွာ) 

အမေရိကန်ဘက်မှ ရန်လိုမှုကြီးထွားလာခြင်း သော်လည်း ကျူးဘားနိုင်ငံတွင် နိုင်ငံခြား ကုမ္ပဏီများ၏ စီးပွားရေးလည်ပတ်မှုများ နှင့် ရင်းနှီးမြှုပ်နှံမှုများအား ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ကျူးဘားနိုင်ငံအစိုးရ က မေလ ၁၃ ရက်တွင် အတည်ပြုပြောကြားသည်။ 

 ကာရာကာ့စ် ၊ မေ ၁၄ ရက် (ဆင်ဟွာ)

တန်ချိန် ၇၁ တန် ရှိ လူ့အသုံးအဆောင် ပစ္စည်းများအား တရုတ် နိုင်ငံ အစိုးရ က ဒုတိယ အကြိမ်မြောက်  အနေဖြင့် မေလ ၁၃ ရက် ညနေပိုင်း အချိန်တွင် ဗင်နီဇွဲလား နိုင်ငံ မြို့တော်ရှိ Simón Bolívar အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင် လွှဲပြောင်းပေးအပ် ခဲ့သည်။

ပနားမားစီးတီး၊ မေ ၁၃ ရက်(ဆင်ဟွာ)

ပနားမားနိုင်ငံ အနောက်ပိုင်းဒေသတွင် မေ ၁၂ ရက် ညနေပိုင်းက ပြင်းအား ၆.၂အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ပနားမားတက္ကသိုလ် ဘူမိဗေဒအင်စတီကျု၏ ယင်းနေ့၌ ထုတ်ပြန်သည့် သတင်း များအရ သိရသည်။ ငလျင်ကြောင့် အမျိုးသမီးတစ်ဦးဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦအချို့ ပျက်စီးခဲ့ ကြောင်း သိရသည်။