23
Wed, Jan
660 New Articles

ပါရာဂွေး၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

ပါရာဂွေးနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန သည်  ရဲတပ်ဖွဲ့၏ လက်နက်တိုက်တွင် သိမ်းဆည်းထားသော လက်နက်များ ပျောက်ဆုံးနေသော ကိစ္စရပ်အား စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

ဘရာဇီးလီယာ ၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

ဘရာဇီး နိုင်ငံ အရှေ့တောင်ပိုင်း Minas Gerais ပြည်နယ် ရဲ တပ်ဖွဲ့ က သြဂုတ်လ ၂၇ ရက် နံနက်ပိုင်း အချိန်တွင် ပြည်ထောင်စု လမ်းမကြီး ၌ ယာဉ်မတော်တဆမှု ဖြစ်ပွား ခဲ့ရာ လူ ၄ ဦး သေဆုံး ခဲ့ပြီး ၄၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။

ရီယိုဒီဂျနေးရိုး၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ပြည်နယ်များစွာ၌ လူသတ်မှုနှင့် လူမှုရေးအကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ စစ်ဆင်ရေးများ လုပ်ဆောင်ခဲ့ရာ အရွယ်ရောက်ပြီးသူ ၂,၆၀၀ ကျော်နှင့် အရွယ်မရောက်သေးသူ ၃၄၀ ဦးခန့်တို့အား ထိန်းသိမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့က သြဂုတ်လ ၂၅ ရက်တွင် ပြောကြားလိုက်သည်။

လီမာ၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ နှင့် ဘိုလီးဗီးယားနိုင်ငံ တို့ နှင့် ထိစပ်နေသော ပီရူးနိုင်ငံ နယ်စပ်တွင် သြဂုတ် ၂၄ ရက်က ကနဦးတိုင်းထွာချက်အရ ရစ်ခ်ျတာစကေး ၇.၁ ပမာဏရှိ ငလျင်ပြင်းတစ်ခု လှုပ်ခတ်သွားကြောင်း အမေရိကန်နိုင်ငံဘူမိဗေဒတိုင်းတာရေးအဖွဲ့ (USGS) ကပြောကြားခဲ့သည်။

ကာရာကပ်စ် ၊ သြဂုတ် ၂၃ ရက်(ဆင်ဟွာ)

မကြာသေးမီက မအောင်မမြင်ဖြစ်ခဲ့သော ဗင်နီဇွဲလားနိုင်ငံသမ္မတ Nicolas Maduro အား လုပ်ကြံရန်ကြိုးပမ်းသည့် ဖြစ်စဉ်အတွင်း ပါဝင်ပတ်သက်ကြောင်း စွပ်စွဲခဲ့ရသူ ၉ ဦးကို ရှာဖွေဖော်ထုတ်လျက်ရှိ ကြောင်း အစိုးရထိပ်တန်းအရာရှိ တစ်ဦးက  သြဂုတ် ၂၂ ရက်တွင် ပြောကြားခဲ့သည်။

ကာရာကပ်စ် ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံ အရှေ့ မြောက်ကမ်းရိုးတမ်း၌ သြဂုတ် ၂၁ ရက် မွန်းလွဲပိုင်းတွင် ပြင်းအား ၇.၃ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း နှင့် ထိခိုက်သေဆုံးမှု ရှိမရှိကို ချက်ချင်းသတင်းထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။

ကွိုက်တို၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

အီကွေဒေါနိုင်ငံ တွင် သြဂုတ် ၁၄ ရက် အစောပိုင်းက ကိုလံဘီယာ နှင့် ဗင်နီဇွဲလားနိုင်ငံသားများ လိုက်ပါလာသည့် ဘတ်စ်ကားတစ်စီး မတော်တဆဖြစ်ပွားခဲ့၍ လူ ၂၄ဦးသေဆုံးပြီး အခြားလူ ၂၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကွိုက်တို မီးသတ်ဌာနကပြောကြားခဲ့သည်။

ဆန်ဒီယာဂို ၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ)

ချီလီနိုင်ငံ အလယ်ပိုင်း Biobioဒေသ Chiguayanteမြို့ရှိ ဘိုးဘွားရိပ်သာတစ်ခု သြဂုတ် ၁၄ ရက်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူ ၁၀ ဦး သေဆုံးပြီး ၁ ဦး မီးလောင်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။  

ဆန်တီယေဂို ၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ)

၎ ရက်ကြာတာဝန်ထမ်းဆောင်ပြီးနောက် ရာထူးမှနုတ်ထွက်စာတင်ခဲ့သည့် ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီး Mauricio Rojas ၏ နုတ်ထွက်စာကို ချီလီနိုင်ငံ သမ္မတ Sebastian Pinera က သြဂုတ် ၁၃ ရက်တွင် လက်ခံခဲ့ကြောင်း သိရသည်။

လီမာ၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

ပီရူးနိုင်ငံအလယ်ပိုင်း Huanuco ဒေသရှိ ချောက်နက်တစ်ခုထဲသို့ သြဂုတ် ၁၁ ရက်က ဘတ်စ်ကားတစ်စီး ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ၇ဦးသေဆုံးပြီး အခြားလူ ၄၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပီရူးနိုင်ငံ အမျိုးသားအရေးပေါ်အခြေအနေဆောင်ရွက်ရေးစင်တာက ပြောကြားခဲ့သည်။