23
Wed, Jan
660 New Articles

ဟာဗာနာ ၊ မေ ၃၀ ရက်(ဆင်ဟွာ)

ကျူးဘားတွင် Alberto မုန်တိုင်းကြောင့် မိုးများ ရက်ဆက် ရွာသွန်းခဲ့ရာ လူ ၄ ဦးသေဆုံးပြီး လမ်းတံတား၊လူနေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။ 

ရီယိုဒီဂျနေရိုး ၊ မေ ၂၉ ရက် (ဆင်ဟွာ)

ပါရာဂွေး နိုင်ငံ သမ္မတ Horacio Cartes က မေလ ၂၈ ရက်နေ့ ၌ ရာထူး မှ နုတ်ထွက်ကြောင်း နှင့်  အထက် လွှတ်တော် တွင် လွှတ်တော် ကိုယ်စားလှယ် အဖြစ် တာဝန် ယူသွားမည် ဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာ လိုက်သည်။

ရီယိုဒီဂျန်နေးရို၊ မေ ၂၆ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ အလယ်ပိုင်း Goias ပြည်နယ် မြို့တော် Goiania မြို့ရှိ ပြည်နယ်ဆိုင်ရာ လူငယ်ထိန်းသိမ်းရေးစခန်း တစ်ခုတွင် မေ ၂၅ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၉ဦး သေဆုံးကြောင်း ဒေသခံမီးသတ်ဝန်ထမ်းများက ပြောကြားခဲ့သည်။ 

ကရာကက်စ်၊ မေ ၂၃ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro) က အမေရိကန် သံတမန်နှစ်ဦးအား “၄၈ နာရီအတွင်း နိုင်ငံအတွင်းမှ ထွက်ခွာရန်”  မေလ ၂၂ ရက်က ညွှန်ကြားလိုက်ကြောင်း သိရသည်။

ကရာကက်စ် ၊ မေ  ၂၃ ရက်(ဆင်ဟွာ)

အမေရိကန်က ဗင်နီဇွဲလားကို ဘဏ္ဍာရေးပိတ်ဆို့ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်နေသည့်အပေါ် ပြင်းပြင်းထန်ထန် အပြစ်တင်ကြောင်း ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၂၂ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 

ကွီတို ၊ မေ  ၂၃ ရက်(ဆင်ဟွာ)

အီကွေဒေါနိုင်ငံ မြောက်ပိုင်း Imbaburaပြည်နယ်တွင် မေလ ၂၂ ရက်က ပြင်းအား ၅.၄ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း၊ယခုလက်ရှိ သေဆုံးဒဏ်ရာရမှုနှင့်ပျက်ဆီးဆုံးရှုံးမှုစာရင်း ထုတ်ပြန်မှု မရှိသေးကြောင်း သိရသည်။ 

ဟာဗားနား၊ မေ ၂၂ ရက် (ဆင်ဟွာ)

ကျူးဘားနိုင်ငံတွင် ဖြစ်ပွားခဲ့သော ထိတ်လန့်ဖွယ် လေယာဉ်ပျက်ကျမှု မှ အသက်ရှင်ကျန်ရစ်သူများအနက် တစ်ဦး သည် မေ ၂၁ ရက် နေ့လည်ပိုင်းတွင် သေဆုံးသွားခဲ့ပြီး သေဆုံးသူ ၁၁၁ဦးရှိလာခဲ့ကြောင်းသိရသည်။

 

ဗျူနိုအဲရစ် ၊ မေ  ၂၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး ၀မ်ရိသည် အာဂျင်တီးနားနိုင်ငံ ဗျူနိုအဲရစ်မြို့(Buenos Aires)တွင် ကျင်းပသည့် G20 နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲသို့ တက်ရောက်စဉ်အတွင်း ချီလီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး Roberto Ampuero နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ကာရာကာ့စ်၊ မေ ၂၁ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုလပ်စ် မာဒူရို သည် မေ ၂၀ ရက်တွင် ကျင်းပခဲ့သည့် သမ္မတရွေးကောက်ပွဲ၌ အနိုင်ရရှိပြီး ဒုတိယအကြိမ်မြောက် ၆နှစ်တာ သက်တမ်းအတွက် ပြန်လည်ရွေးချယ်ခံရကြောင်း အမျိုးသားရွေးကောက်ပွဲကောင်စီ (CNE) ကပြောကြားခဲ့သည်။

ဟာဗာနာ ၊ မေ ၁၉ ရက် (ဆင်ဟွာ)

ကျူးဘား အမျိုးသား လေကြောင်းလိုင်း ၏ လူပေါင်း ၁၀၀ ကျော် လိုက်ပါခဲ့သော ဘိုးအင်း ၇၃၇ လေယာဉ် တစ်စင်း သည် မေလ ၁၈ ရက်နေ့၌ Havana Jose Marti အပြည်ပြည်ဆိုင်ရာ လေဆိပ် မှ စတင်ထွက်ခွာပြီး မကြာမီ ပျက်ကျမှု ဖြစ်ပွား ခဲ့ရာ မေလ ၁၉ ရက်နေ့ နံနက်ပိုင်း အချိန်ထိ အသက်ရှင်သူ ၃ ဦး ကို ကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူ စာရင်း မထွက်ရှိသေးကြောင်း သိရှိရသည်။