25
Wed, Apr
684 New Articles

ဂျီနီဗာ ၊ ဧပြီ  ၂၄ ရက်(ဆင်ဟွာ)

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) Safeguards Committee၏ အစည်းအဝေးကို ဧပြီလ ၂၃ ရက်တွင် ဂျီနီဗာ၌ ကျင်းပခဲ့ရာ ရုရှား၊အိန္ဒိယ၊ တရုတ် အပါအ၀င် ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများက အမေရိကန်ကျင့်သုံးနေသည့် သံမဏိနှင့်အလူမီနီယံအခွန်ကောက်ခံမှု ပေါ်လစီကို စိုးရိမ်မိသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

ဝါရှင်တန် ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ အလယ်ပိုင်း Tennessee ပြည်နယ် တွင် ဧပြီလ ၂၂ ရက်နေ့ က သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ရာ လူ ၄ ဦး သေဆုံး ခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကာ လက်ရှိချိန်တွင် ရဲတပ်ဖွဲ့ က သေနတ် ပစ်ခတ်သူ အား ရှာဖွေဖမ်းဆီး နေကြောင်း သိရှိရသည်။

ဝါရှင်တန် ၊ ဧပြီ  ၂၂ ရက်(ဆင်ဟွာ)

ယခုလက်ရှိ ကုန်သွယ်ရေးတင်းမာမှုအခြေအနေ လျော့ကျသွားစေရန် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များကို တိုးမြှင့်လုပ်ဆောင်သွားကြရန် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညွှန်ကြားရေးမှူး Roberto Azevedo က ဧပြီလ ၂၁ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်၌ တိုက်တွန်းထားကြောင်း သိရသည်။ 

ဆန်ဖရန်စစ္စကို၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အနောက်ကမ်းရိုးတန် ဆန်ဖရန်စစ္စကိုမြို့တွင် ဧပြီ ၂၀ရက် ညပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးပြီး အခြားလူ ၅ဦးဒဏ်ရာရရှိခဲ့ကာ တစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း ရဲတပ်ဖွဲ့က ဧပြီ ၂၁ ရက်တွင်ပြောကြားခဲ့သည်။

ဆန်ဒီယာဂို ၊ ဧပြီ  ၂၂ ရက်(ဆင်ဟွာ)

ချီလီနိုင်ငံ အလယ်ပိုင်း  Bio Bioဒေသ  Concepcionမြို့ရှိ ဆေးရုံတစ်ခုတွင် ဧပြီလ ၂၁ ရက်က ဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၃ ဦး သေဆုံးပြီး ၄၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ချီကာဂို ၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ အလယ်ပိုင်း Missouri ပြည်နယ် ရှိ ရုပ်သံထုတ်လွှင့်ရေး တာဝါတိုင် တစ်ခု ဧပြီ လ ၁၉ ရက်နေ့ ၌ ပြိုလဲ ခဲ့ရာ  လူ ၁ ဦး သေဆုံး ခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရှိရသည်။

ဝါရှင်တန်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အိန်ဂျလာမာကဲ (Angela Merkel) တို့သည် အိမ်ဖြူတော်၌ ဧပြီလ ၂၇ ရက်တွင် တွေ့ဆုံမည်ဟု အိမ်ဖြူတော်က ဧပြီလ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

မက္ကဆီကို စီးတီး၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ တောင်ပိုင်း Guerrero ပြည်နယ် Zihuatanejo ကမ်းရိုးတန်းမြို့ တွင် လက်နက်ကိုင် ဒုစရိုက်ဂိုဏ်းအဖွဲ့ဝင်များ နှင့် ရဲတပ်ဖွဲ့အကြား ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ ဒုစရိုက်ဂိုဏ်းဝင် ၁၀ဦး သေဆုံးပြီး ရဲတပ်ဖွဲ့ဝင် ၆ဦးသေဆုံးခဲ့ကြောင်း ဒေသခံအစိုးရက ဧပြီ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဝါရှင်တန် ၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က အမေရိကန် နိုင်ငံ နှင့် မြောက်ကိုရီးယား နိုင်ငံ တို့ အနေဖြင့် အဆင့်မြင့် တိုက်ရိုက်ဆက်သွယ်မှုများ ကို စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ဧပြီလ ၁၇ ရက်နေ့၌ ထုတ်ပြန် ကြေညာ ခဲ့သည်။

ဝါရှင်တန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

အသက် ၉၂ နှစ်ရှိပြီဖြစ်သော အမေရိကန်နိုင်ငံ၏ သမ္မတဟောင်းကတော် ဘာဘရာဘွတ်ရှ် (Barbara Bush) သည် ၎င်းအား ဆေးကုသမှုအား လက်လျှော့ရန် ဆုံးဖြတ်ချက်ချခဲ့ပြီးနောက် ဧပြီလ ၁၇ ရက်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။