13
Thu, Dec
678 New Articles

အ​မေရိကန်​နိုင်​ငံခြား​ရေးဝန်​ကြီး ​တေလာဆန်အား​ ရာထူးမှ ဖယ်​ရှား၍ CIA ညွှန်​ကြား​ရေးမှူးဖြင့်​ အစားထိုးမည်​ဟု ထရန့်​​ပြောကြား

ရာထူးမှ ဖယ်​ရှားခြင်းခံရ​သော အ​မေရိကန်​နိင်​ငံခြား​ရေးဝန်​ကြီး​တေလာဆန်​အား​တွေ့ ရစဉ်​(ဆင်​ဟွာ) North America

ဝါရှင်​တန်​၊ မတ်​ ၁၃ ရက်​ (ဆင်​ဟွာ)

အ​မေရိကန်​နိုင်​ငံ နိုင်​ငံခြား​ရေးဝန်​ကြီးဌာန ဝန်​ကြီး ​ရက်​စ်​​တေလာဆန်​ (Rex Tillerson)အား ရာထူးမှ ဖယ်​ရှားပြီး ယင်းရာထူးအတွက်​ CIA ​ထောက်​လှမ်း​ရေး အဖွဲ့ ညွှန်​ကြား​ရေးမှူး Mike Pompeo ဖြင့်​အစားထိုး ခန့်​ အပ်​သွားမည်​ဖြစ်​​ကြောင်း သမ္မတ ​ဒေါ်နယ်​ထရမ့်​က ​မတ်​လ ၁၃ ရက်က ၎င်း၏ တွစ်​တာ လူမှုကွန်​ရက်​စာမျက်​နှာ​ပေါ် ၌​ရေးသားခဲ့သည်​။

" နိုင်​ငံခြား​ရေး ဝန်​ကြီးရာထူးအတွက်​ CIA ညွှန်​ကြား​ရေးမှူး Mike Pompeo ကို အစားထိုးသွားဖို့ ရှိပါတယ်​။ သူက အ​ကောင်းဆုံး လုပ်​​ဆောင်​နိုင်​မှာပါ။ တာဝန်​ထမ်း​ဆောင်​ခဲ့မှု​တွေအတွက်​ ​တေလာဆန်​ ကို​ကျေးဇူးတင်​ပါတယ်​" ဟု ထရမ့်​က ဆိုသည်​။(Xinhua)