18
Fri, Oct
586 New Articles

အမေရိကန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး နှင့် မြောက်ကိုရီးယား နိုင်ငံ ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ တို့ နှစ်နိုင်ငံ ထိပ်သီး ဆွေးနွေးပွဲ နှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးမည်

အမေရိကန် နိုင်ငံ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Sanders အား မြင်တွေ့ရစဉ်(ဆင်ဟွာ) North America

ဝါရှင်တန် ၊ မေ ၃၀ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Sanders က အမေရိကန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo အနေဖြင့် ယခု အပတ်အတွင်း အမေရိကန် နိုင်ငံ တွင် မြောက်ကိုရီးယား နိုင်ငံ အလုပ်သမား ပါတီ ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ Kim Yong-chol နှင့် ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး နှစ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံမှု ပြုလုပ်ရန် နှင့် ပတ်သက်၍ ညှိနှိုင်းမှု များ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မေလ ၂၉ ရက်နေ့ ၌ ထုတ်ပြန် ကြေညာ ခဲ့သည်။

Sanders က အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် မှ မေလ ၂၄ ရက်နေ့၌ မြောက်ကိုရီးယား နိုင်ငံ ခေါင်းဆောင် ကင်ဂျုံအမ်း ထံသို့ စာပေးပို့ပြီးနောက်တွင် နှစ်နိုင်ငံ အနေဖြင့် ထိတွေ့ဆက်ဆံမှု ကို ထိန်းသိမ်းထားပြီး အမေရိကန် နိုင်ငံ အနေဖြင့် ဆက်လက်၍ နှစ်နိုင်ငံ ခေါင်းဆောင် တွေ့ဆုံဆွေးနွေးပွဲ အတွက် တက်ကြွစွာ ပြင်ဆင်မှုများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် Sanders က အမေရိကန် နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ တစ်ဖွဲ့ အနေဖြင့်လည်း လက်ရှိချိန်တွင် တောင်-မြောက် ကိုရီးယား စစ်ဘက်ဆိုင်ရာ ကင်းမဲ့ဇုန် တွင် မြောက်ကိုရီးယား နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ နှင့် ဆွေးနွေးမှုများ ဆောင်ရွက်နေကြောင်း ၊ အိမ်ဖြူတော် အလုပ်ရုံး ဒုတိယ ညွှန်ကြားရေးမှူး အနေဖြင့်လည်း စင်ကာပူ နိုင်ငံ တွင် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီး ဆွေးနွေးပွဲ ကျင်းပ နိုင်ရန် အတွက် ပြင်ဆင်မှုများ သွားရောက် ဆောင်ရွက်နေကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အနေဖြင့် မေလ ၂၄ ရက်နေ့ ၌ မြောက်ကိုရီးယား နိုင်ငံ ခေါင်းဆောင် ကင်ဂျုံအမ်း ထံသို့ အိတ်ဖွင့် ပေးစာ တစ်စောင် ပေးပို့ ခဲ့ရာ စီစဉ်ထားသည့် နှစ်နိုင်ငံ ထိပ်သီး တွေ့ဆုံဆွေးနွေးမှု ကို ဖျက်သိမ်းကြောင်း ရေးသား ထားခဲ့သည်။ ထိပ်သီး တွေ့ဆုံဆွေးနွေးမှု ကို စီစဉ် ထားသည့် အတိုင်း ကျင်းပ နိုင်ရန် ၎င်း အနေဖြင့် မျှော်လင့်ကြောင်း မေလ ၂၆ ရက်တွင် ပြန်လည် ကြေညာ ခဲ့သည်။(Xinhua)