20
Wed, Nov
474 New Articles

ပြန်ပေးဆွဲမှုတစ်ခု ၌ အမေရိကန် ကလေးငယ် ၄ဦးသေဆုံး

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ ရဲတပ်ဖွဲ့ဝင် ၂ဦးအားတွေ့ရစဉ် (ဆင်ဟွာ) North America

ဝါရှင်တန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပြန်ပေးဆွဲမှုတစ်ခုသည် ဇွန် ၁၁ရက်တွင် ပြီးဆုံးသွားခဲ့ပြီး ကလေးငယ် ၄ဦးသေဆုံးကာ ရဲအရာရှိတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့ထံသို့ ဇွန်လ ၁၀ ရက်တွင် အိမ်တွင်းအကြမ်းဖက်မှု တစ်ခု အား အကြောင်းကြားလာ၍ ဖလောရီဒါပြည်နယ် အော်လန်ဒိုမြို့ မှ ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ တိုက်ခန်းတစ်ခုအတွင်း ကလေးငယ် ၄ဦးအား အကာအကွယ်ပြု၍ ပုန်းအောင်းနေသည့် သေနတ်သမားတစ်ဦးအား တွေ့ရှိခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များ သည် ၂၄နာရီ နီးပါး စောင့်ဆိုင်းခဲ့ပြီးနောက် တိုက်ခန်းအတွင်းသို့ ဝင်ရောက်ခဲ့ရာ အသက် ၁နှစ်၊ ၆နှစ်၊ ၁၀နှစ် နှင့် ၁၂ နှစ် အသီးသီး ရှိပြီးဖြစ်သော ကလေးငယ် ၄ဦးကို သေဆုံးလျက်အနေအထားဖြင့် တွေ့ရှိခဲ့ကြောင်း သိရသည်။

အော်လန်ဒို ရဲချုပ် John Mina က တိုက်ခန်းအတွင်းဝင်ရောက်ပြီး မကြာမီပင် တရားခံ၏ ပစ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် ကလေးငယ်များကို တွေ့ရှိခဲ့ကြောင်း ဇွန် ၁၁ ရက် သန်းခေါင်ယံတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခု ၌ပြောကြားခဲ့သည်။

၎င်းက ကလေးငယ်များ အသတ်ခံရသည့် အချိန်ကို မသိရှိရသေးကြောင်း နှင့် တရားခံသည်လည်း မိမိကိုယ်ကို သေနတ်ဖြင့် ပစ်ခတ်၍ သေဆုံးသွားကြောင်း ပြောကြားခဲ့သည်။ (Xinhua)