17
Tue, Sep
502 New Articles

အမေရိကန်နိုင်ငံရှိ ဈေးဝယ်စင်တာတစ်ခု၌ ပစ်ခတ်မှုဖြစ်ပွား ၊  အနည်းဆုံး တစ်ဦးဒဏ်ရာရ

အမေရိကန်နိုင်ငံ နယူးဂျာဇီပြည်နယ်ရှိ ဈေးဝယ်စင်တာတစ်ခု၌ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မြင်တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်) North America

 

နယူးယောက်၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်ရှိ ဈေးဝယ်စင်တာတစ်ခု၌ ဇန်နဝါရီ ၁၁ ရက် ညပိုင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ အနည်းဆုံး လူတစ်ဦး သေနတ်ထိမှန် ဒဏ်ရာရခဲ့ကြောင်း ဒေသမီဒီယာက ဆိုသည်။

၎င်းပစ်ခတ်မှုသည် ဂျာစီမြို့ တော် Newport Center ဈေးဝယ်စင်တာရှိ အစားအသောက်ဆိုင်ခန်းဘက်အခြမ်း၌ ဒေသစံတော်ချိန် ည ၆ နာရီတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံရဲတပ်ဖွဲ့ ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းကဆိုသည်။ထို့ ပြင် ပစ်ခတ်မှုကြောင့် လူတစ်ဦးမှာ ခြေထောက်တွင် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ က ဈေးဝယ်စတင်အတွင်း စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်လျက်ရှိသည်။လက်ရှိအချိန်အထိ မည်သည့်သံသယ ဖြစ်ဖွယ် သတင်းအချက်အလက်ကိုမျှ ရရှိထားခြင်းမရှိသေးပေ။လူ သုံးဦး သေနတ် အပစ်ခံရပြီး ဒဏ်ရာအသီးသီးရသွားကြောင်း နှင့် ၄င်းတို့ အနက် နှစ်ဦးမှာ ဆေးရုံသို့ မိမိအစီအစဉ်ဖြင့်သွားရောက်ခဲ့ကြကြောင်း အချို့ သတင်းများက ဆိုသည်။(Xinhua)