18
Sun, Aug
553 New Articles

ဒါဗို့စ်သို့သွားမည့် အမေရိကန် ကိုယ်စားလှယ်များ၏ ခရီးစဉ် ထရမ့် ပယ်ဖျက်

မိန့်ခွန်းပြောကြားနေသော အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (လယ်) အား တွေ့ရစဉ် (ဆင်ဟွာ) North America

ဝါရှင်တန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အစိုးရယန္တရားတစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းနေသည့်အတွက် ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ သွားရောက်မည့် ၎င်း၏ကိုယ်စားလှယ်အဖွဲ့ ခရီးစဉ်အား အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ပယ်ဖျက်လိုက်ကြောင်း ဇန်နဝါရီလ ၁၇ ရက်တွင်  အိမ်ဖြူတော်က ပြောကြားလိုက်သည်။

“အမေရိကန် အလုပ်သမား ၈,၀၀၀ ခန့် လုပ်ခမရကြတာကို စဉ်းစားကာ လိုအပ်ပါက အကူအညီ ဖြစ်စေနိုင်ဖို့ ဒါဗို့စ်မှာလုပ်မယ့် ကမ္ဘာ့စီးပွားရေးဖိုရမ်သွားမယ့် သူ့ရဲ့ကိုယ်စားလှယ်အဖွဲ့ ခရီးစဉ်ကို သမ္မတ ထရမ့်က ဖျက်လိုက်တာပါ” ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဆာရာဆန်ဒါးစ် (Sarah Sanders) က ကြေညာချက်တွင် ပြောကြားခဲ့သည်။ (Xinhua)