16
Sat, Feb
653 New Articles

မက္ကဆီကိုနိုင်ငံ အလယ်ပိုင်းတွင် ပိုက်လိုင်းပေါက်ကွဲမှုကြောင့် လူ ၂၀ ဦးထက်မနည်း သေဆုံးပြီး ၅၄ ဦး ဒဏ်ရာရ

မက္ကဆီကိုနိုင်ငံ အလယ်ပိုင်း ဟီဒဲလ်ဂိုပြည်နယ်တွင် ဇန်နဝါရီလ ၁၈ ရက်က ပိုက်လိုင်းပေါက်ကွဲမှုတစ်ခု ဖြစ်ပွားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ) North America

မက္ကဆီကိုစီးတီး၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ အလယ်ပိုင်း ဟီဒဲလ်ဂိုပြည်နယ်တွင် ဇန်နဝါရီလ ၁၈ ရက်က ပိုက်လိုင်းပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၂၀ ဦးထက်မနည်း သေဆုံးပြီး အခြားသူ ၅၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်းများက ပြောကြားခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုသည် Tlahuelilpan မြို့နယ် ဆန်ပရီမစ်တီဗိုရပ်ကွက်ရှိ ပိုက်လိုင်းနေရာတစ်ခုတွင် ဒေသစံတော်ချိန် ည ၇း၀၀ နာရီဝန်းကျင်က လောင်စာဆီယိုစိမ့်မှုကို လူအများစုဝေးသယ်ယူနေကြစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မီးလောင်ပြီး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အနည်းဆုံး လူ ၂၀ ဦးသေဆုံးကာ ၅၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဟီဒဲလ်ဂိုပြည်နယ် အုပ်ချုပ်ရေးမှူး အိုမာဖာယတ် (Omar Fayad) က ဒေသခံ ရုပ်မြင်သံကြားသို့ ပြောကြားခဲ့သည်။ (Xinhua)