16
Sat, Feb
653 New Articles

မက္ကဆီကိုနိုင်ငံ၌ ပိုက်လိုင်း ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၇၁ ဦးရှိလာ

မက္ကဆီကို တွင် ပိုက်လိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူတစ်ဦးအား သယ်ဆောင်လာစဉ် (ဆင်ဟွာ) North America

မက္ကဆီကို စီးတီး၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

မက္ကဆီကို နိုင်ငံ အလယ်ပိုင်းတွင် ပိုက်လိုင်းတစ်ခု ပေါက်ကွဲမှုကြောင့် သေဆုံးသူ ဦးရေသည် ၇၁ဦးအထိ မြင့်တက်လာကြောင်း အာဏာပိုင်များက ဇန်နဝါရီ ၁၉ ရက်တွင်ပြောကြားခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုသည် Tlahuelilpan မြို့နယ် ဆန်ပရီမစ်တီဗိုရပ်ကွက်ရှိ ပိုက်လိုင်းနေရာတစ်ခုတွင် ဒေသစံတော်ချိန် ည ၇း၀၀ နာရီဝန်းကျင်က ပိုက်လိုင်းမှယိုစိမ့်ထွက်လာသော လောင်စာဆီများကို လူအများ စုဝေးသယ်ယူနေကြစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယင်းပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၇၁ဦးသေဆုံးပြီး အခြားလူ ၇၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဟီဒဲလ်ဂိုပြည်နယ် အုပ်ချုပ်ရေးမှူး အိုမာဖာယတ် (Omar Fayad) က မီဒီယာသို့ပြောကြားခဲ့သည်။ (Xinhua)