ဒုတိယကမ္ဘာစစ်အတွင်း တရုတ်နိုင်ငံ အားလုံခြုံ စိတ်ချစွာနေထိုင်ခဲ့ရသော နေရာအဖြစ်ကယ်လီဖိုးနီးယားမှ ဂျူးလူမျိုးတို့ သတိရလျက်ရှိ

ရှန်ဟိုင်းတွင်ရှိသည့် စစ်ဘေးရှောင်ဂျူးလူမျိုးတို့၏ပြတိုက်အားတွေ့ရစဉ် (ဆင်ဟွာ) North America

ဆန်ဖရန်စစ္စကို၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

ဒုတိယကမ္ဘာစစ်အတွင်း တွင် စစ်ကြောင့် ဒုက္ခရောက်သော ကမ္ဘာသူကမ္ဘာသားများစွာရှိပေသည်။ ၎င်းတို့အနက်မည်သည့်နိုင်ငံသားများကိုမဆိုလူမျိုးဘာသာခွဲခြားမှု မရှိပဲ တရုတပြည်သူတို့အနေဖြင့် ကူညီစောင့်ရှောက်ခဲ့မှုက သမိုင်းတွင်မှတ်တမ်းတင်ခဲ့သည်။ ၎င်းတို့အနက် အင်ဂရစ်ယူဗင်(Ingrid Rubens )ဆိုသည့်အမျိုးသမီးက သာဓကတစ်ရပ်ဖြစ်သည်။

မျက်နှာပေါ်တွင် တက်ကြွသောအပြုံးရှိပြီး အသက်၈၀ကျော်ရှိသောအမျိုးသမီးတစ်ဦးအနေဖြင့် အင်ဂရစ်ယူဗင်(Ingrid Rubens ) ကအလွန်ကျန်းမာဟန်ရှိကာ တရုတ်နိုင်ငံသားများ၏ အကူအညီမပါပဲ လွန်ခဲ့သောဆယ်စုနှစ်များအတွင်းရှည်လျားသောဘဝကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ခြင်း ရှိမည်မဟုတ်ကြောင်း ဝန်ခံပြောဆိုခဲ့သည်။

“တရုတ်လူမျိုးတွေက အရမ်းအံ့သြဖို့ကောင်းပါတယ်။ကျွန်မတို့ဘဝတွေလုံခြုံတာသူတို့ကြောင့်ပါပဲ’’ ဟု ယူဗင်ကပြောသည်။ယူဗင်ကဆန်ဖရန်စစ္စကို ပင်လယ်ဒေသတွင်နေထိုင်ကာဒုတိယကမ္ဘာစစ်အတွင်း တွင် ဥရောပ၌ နာဇီသိမ်းပိုက်ထားချိန်၊တရုတ်နိုင်ငံအရှေ့ဘက်တွင် ရှိသော ရှန်ဟိုင်းမြို့သို့စစ်ဘေးရှောင်လာသည့်ဂျူးဒုက္ခသည်များထဲမှ တစ်ဦးဖြစ်သည်။

ဇန်နဝါရီလ ၂၇ ရက်တွင် ဒုတိယကမ္ဘာစစ်အတွင်း နာဇီတို့လက်ချက်ဖြင့် ဂျူးလူမျိုးများအစုလိုက်အပြုံလိုက် အသတ်ခံရမှု အပြည်ပြည်ဆိုင်ရာ အောက်မေ့ဖွယ်နေ့အခမ်းအနားတစ်ရပ်ကို အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်း၊ ဆန်ရာဖယ် (San Rafael)ဂျူးလူမျိုးအသိုင်းအဝိုင်းစင်တာတစ်ခု တွင် ကျင်းပခဲ့ရာ ရာပေါင်းများစွာသော ပြည်သူတို့ နှင့် အတူ ယူဗင်လည်းပါဝင်ဆင်နွှဲခဲ့သည်။အခမ်းအနားသို့ တက်ရောက်လာသူအများစုမှာ အသက် ၈၀ကျော် သို့မဟုတ် ၉၀ကျော်အရွယ်များဖြစ်ကြပြီး အချို့ဆိုလျှင်သားသမီးများခြံရံလိုက်ပါလာကြသည်။

ဒုတိယကမ္ဘာစစ်အတွင်း စစ်ဘေးဒုက္ခသည်များဖြစ်ခဲ့ကြသော ဂျူးလူမျိုးပြည်သူတို့ နှင့် ပြည့်နှက်နေသည့် အခန်းတွင်း ၎င်းတို့က စစ်ဒဏ်ကြောင့် လူမှုရေးမတည်ငြိမ်မှုများအတွင်းတူညီသောအတွေ့အကြုံများ ကို အချင်းချင်းဝေမျှခဲ့ကြသည်။ ၎င်းတို့က ဂျူးဒုက္ခသည်များအား အခြားသောနိုင်ငံများ အားလုံးနီးပါးက နယ်စပ်များ ပိတ်ကာ ဝင်ခွင့်မပြုသည့်အချိန်တွင် ၎င်းတို့အားကူညီစောင့်ရှောက်ခဲ့သော တရုတ်နိုင်ငံကို ဘေးအန္တရာယ်ကင်းရာနေရာအဖြစ် ပြန်လည်အမှတ်ရခဲ့ကြသည်။

၁၉၃၈ ခုနှစ် မတ်လတွင် သြစတြီးယားကို ဂျာမနီ ကသိမ်းပိုက်ပြီးနောက် သြစတြီးယား နှင့် ဂျာမနီနိုင်ငံ တို့မှ ထွက်ခွါခဲ့သည့် စစ်ဘေးရှောင်ဂျူးလူမျိုးများအား ကူညီထောက်ပံ့ရန်အတွက် အပြည်ပြည်ဆိုင်ရာညီလာခံ တစ်ခုကို ပြင်သစ်နိုင်ငံ၊ Evian မြို့တွင် ကျင်းပခဲ့သည်။ သို့သော်လည်း က Dominican Republic (ဒိုမီနီကန်သမ္မတနိုင်ငံ) မှတစ်ပါး နိုင်ငံပေါင်း ၃၂ နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့များက ဂျူးစစ်ပြေးဒုက္ခသည် များကို လက်ခံရန်သဘောတူညီချက်ရရှိရေးကိုလျစ်လျူရှုခဲ့ကြသည်။

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့သည် ကမ္ဘာပေါ်တွင် ဂျူးလူမျိုးဒုက္ခသည်များအတွက် ပထမဆုံးတံခါးဖွင့်ပေးသည့်မြို့ဖြစ်သည်။ ၁၉၃၈ ခုနှစ်မှစ၍ ဂျာမနီ နှင့် သြစတြီးယားမှ ရှန်ဟိုင်းသို့ ထွက်ပြေးလွတ်မြောက်လာသော စစ်ဘေးရှောင်ဂျူးလူမျိုး ၂၀,၀၀၀ ရှိကြောင်း ရှန်ဟိုင်းတွင်ရှိသည့် ဂျူးစင်တာ၏ စာရင်းအရ သိရသည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် တရုတ်ကမ်းရိုးတန်းမြို့ ဖြစ်သော ရှန်ဟိုင်းမြို့၌် ခန့်မှန်းခြေအားဖြင့် ဂျူးလူမျိုး ၂၄,၀၀၀ ရှိကြောင်း သိရသည်။

ယူဗင်၏ မိဘများသည် အလွန်ကံကောင်းစွာဖြင့် ရှန်ဟိုင်းတွင်နေထိုင်ခွင့်ဗီဇာကို ရရှိခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် ပရက်ရှားဒေသ အရှေ့ဘက်တွင်ရှိသည့် ၎င်းတို့အိမ်မှ ထွက်ခွာခဲ့ချိန်တွင် ယူဗင် သည်အသက်၂ နှစ်ထက်မပိုပေ။ သို့သော် ယူဗင်သည် အထီးကျန်ခွဲခြားခံခဲ့ရသည့် ထိုစဉ်ကဂျူးလူမျိုးတို့ ၏ ခက်ခဲသည့်ဘဝကို သတိရခဲ့သည်။

“အမှိုက်တွေသိမ်းတာမရှိဘူး၊ရေမရှိဘူး၊ အိမ်သာမရှိဘူး၊ အဲ့ဒါတွေကခက်ခဲခဲ့တယ်’’ ယူဗင်ကပြန်ပြောပြခဲ့သည်။ ဂျပန်ခေတ်မှာအရမ်းခက်ခဲခဲ့တယ် ဟု၎င်းကဆိုသည်။

ဂျပန်တပ်ဖွဲ့များ ရှန်ဟိုင်းကို သိမ်းပိုက်ပြီးသည့်နောက် တွင် စစ်ဘေးရှောင်ဂျူးလူမျိုးများကို ရှန်ဟိုင်း၌ သီးသန့်ကန့်သတ်ထားသော ဒုက္ခသည်များထားသည့်နေရာတွင် ထားခဲ့သည်။

သို့ရာတွင် ယခုအခါ အသက် ၈၀ ကျော်ရှိပြီဖြစ်သော Inna Mink ဆိုသည့် စစ်အတွင်း ရုရှားဂျူးမိသားစုမှ ဒုက္ခသည် အမျိုးသမီးကမူ ရှန်ဟိုင်းတွင်ပင်မွေးဖွားခဲ့ရသော ၎င်း၏ဘဝက ထိုစဉ်က ဥရောပတိုက်မှ ဂျူးလူမျိုး တို့ ၏ ဘဝ နှင့် နှိုင်းယှဉ်လျှင် ကောင်းမွန်ပါသေးကြောင်း ပြန်လည်အမှတ်ရပြောကြားခဲ့သည်။

Inna Mink တက်နေသည့် ကျောင်းကို စစ်အတွင်း မဟာမိတ်အကျဉ်းသားများ ၏ ချွေးတပ်စခန်းအဖြစ် သို့ဂျပန်တို့ပြောင်းခဲ့သော်လည်း မဟာမိတ်အကျဉ်းသာ းတို့၏ဘဝသည် နာဇီတို့၏ လက်အောက်လောက်မဆိုးခဲ့ကြောင်း ဆိုသည်။

ယခုအချိန်တွင် ဆန်ဖရန်စစ္စကို တွင်နေထိုင်လျက်ရှိသည့် Inna Mink ကစစ်အတွင်းကာလက ရှန်ဟိုင်းတွင် အမှန်တကယ်နေထိုင်ခဲ့ရသော်လည်း ထိုအချိန်က ဟစ်တလာ နှင့်ပတ်သက်သည့် အကြောင်းအရာအားလုံးကို သိရှိခြင်းမရှိခဲ့ကြောင်း ပြောခဲ့သည်။

“ရှန်ဟိုင်းက ငါတို့အတွက်တော့ ခမ်းနားတဲ့ ကမ္ဘာကြီးတစ်ခုပါပဲ။အခုထက်ထိရှန်ဟိုင်းမှာနေခဲ့တဲ့လိပ်စာကို ငါမှတ်မိသေးတယ်’’ ဟု Mink ကပြောသည်။

ရှန်ဟိုင်းတွင် စစ်ဘေးရှောင်ဂျူးမိသားစုများ နေစရာ မတွေ့ခင်အချိန် တွင် တစ်ချို့သောတရုတ်မိသားစုများ က၎င်းတို့၏နေအိမ်များတွင်နေထိုင်ခွင့်ပြုခဲ့ကြသည်။ ထိုသို့သောနေအိမ်များကို သမိုင်း၏ အစိတ်အပိုင်းတစ်ခု အနေဖြင့်ထိန်းသိမ်းထားခဲ့သည်။

ရစ်ချက်ဝက်စ်မန်း (Richard Waxman) က ဆန်ဖရန်စစ္စကိုတွင် ဇန်နဝါရီလ ၂၇ ရက်က ပြုလုပ်ခဲ့သောအောက်မေ့ဖွယ်အခမ်းအနား တနင်္ဂနွေတွေ့ဆုံပွဲ၏ စီစဉ်သူဖြစ်ပြီး၊ မကြာမီကမှ ရှန်ဟိုင်းတွင် ဂျူးလူမျိုးများအခြေချသည့် နေရာနှင့်အိမ်များမှ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

“ရှန်ဟိုင်းက ကမ္ဘာပေါ်မှာ ပထမဆုံးဂျူးလူမျိုးတွေကို လာဖို့ဖိတ်ခေါ်ခဲ့တဲ့မြို့ဖြစ်တယ်’’ ဟု Richard Waxman ကပြောသည်။

ရှန်ဟိုင်းမှ ဂျူးလူမျိုးများအနေဖြင့် အမေရိကန်ပြည်ထောင်စု၊ တောင်အမေရိက၊ အမေရိက အလယ်ပိုင်း နှင့် အခြားနိုင်ငံများသို့ သွားနိုင်ကြောင်း Richard Waxman ကဆိုသည်။

Richard Waxman သည် ရှန်ဟိုင်းတွင် နေခဲ့သည့် ဂျူးလူမျိုးများ ဒုက္ခသည်များဆိုင်ရာပြတိုက် သို့လည်းသွားရောက် လည်ပတ်ခဲ့ပြီး ၎င်းပြတိုက်ရှိ သမိုင်းဝင်ဓာတ်ပုံများ နှင့် ရှေးဟောင်းအသုံးဆောင်ပစ္စည်းများကို လေ့လာခဲ့သည်။ တစ်ချို့သောဓာတ်ပုံများတွင် Shanghai Ghetto ရှိ စစ်ဘေးရှောင်ဂျူးလူမျိုးများ နှင့် ၎င်းတို့၏ တရုတ်သူငယ်ချင်းများ ၏ဓာတ်ပုံများ ကိုပြသထားသည်။

“သူတို့က ဂျူးဘုရားကျောင်းကို ပြတိုက် အသွင်ပြောင်းခဲ့တယ်။ ဒါကအရမ်းလှတယ် ။ပြီးတော့ အကောင်းဆုံးလုပ်ဆောင်မှုပဲ ဘာကြောင့်လဲဆိုတော့ ဒါက ဖြစ်ရပ်ကိုပြောပြနိုင်ဖို့ ပိုပြီးအရေးကြီးတဲ့ အပြင် လူအများပိုပြီးရောက်ရှိ လာစေမှာဖြစ်တယ်’’ ဟု Richard Waxmanပြောသည်။ (Xinhua)