အမေရိကန်-မြောက်ကိုရီးယား နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တွေ့ဆုံပွဲကို လကုန် ဗီယက်နမ်တွင် ကျင်းပမည်ဟု ထရမ့် ဆို

North America

ပေကျင်း၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ)

အမေရိကန်-မြောက်ကိုရီးယား နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၂၇ ရက်၊ ၂၈ ရက်တွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ထရမ့်က ဖေဖော်ဝါရီ ၅ ရက်က ၄င်း၏နိုင်ငံအခြေပြမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ကြောင်းသိရသည်။

သို့သော် တွေ့ဆုံမည့် မြို့ကို အတိအကျ ပြောကြားခြင်း မရှိသေးကြောင်းသိရသည်။ (Xinhua)