23
Thu, May
581 New Articles

သမ္မတထရမ့်က အစိုးရယန္တရားရပ်ဆိုင်းမှု အဆုံးသတ်ရန် နှစ်ဖက်ပါတီသဘောတူညီချက်အပေါ် မပျော်ရွှင်ကြောင်း ပြောကြား

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်အားတွေ့ ရစဉ်(ဆင်ဟွာ) North America

ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က အစိုးရယန္တရားရပ်ဆိုင်းမှုကို အဆုံးသတ်ရန် နှစ်ဖက်ပါတီ လွှတ်တော်ကိုယ်စားလှယ်များအကြား ရရှိခဲ့သော သဘောတူညီချက်တစ်ခုအပေါ် ၄င်းအနေဖြင့် ကျေနပ်ပျော်ရွှင်ခြင်း မရှိကြောင်း ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် အမေရိကန်အစိုးရယန္တရားရပ်ဆိုင်းမှု ယာယီသဘောတူညီချက်မှာလည်း ဖေဖော်ဝါရီ ၁၅ ရက်တွင် အချိန်စေ့တော့မည်ဖြစ်ရာ တဖြည်းဖြည်းချင်း နီးကပ်လာနေပြီဖြစ်သည်။

“ ကျွန်တော်ပျော်ရွှင်နေတယ်လို့ မပြောနိုင်ပါဘူး။ ကျွန်တော်ဝမ်းသာနေတယ်လို့ လည်း မပြောနိုင်ပါဘူး” ဟု အိမ်ဖြူတော်၌ သတင်းသမားများနှင့်တွေ့ ဆုံစဉ် ထရမ့်က ဆိုသည်။

သို့ သော်လည်း သမ္မတက ၄င်းသဘောတူညီချက်အား လက်မှတ်ထိုးရန် (သို့ မဟုတ်) ဗီတိုအာဏာဖြင့်ပယ်ဖျက်ရန် ၄င်းအနေဖြင့် မည်သို့ ဆောင်ရွက်မည်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။ ယင်းနှင့်ပတ်သက်၍ နောက်ပိုင်းတွင်အစည်းအဝေးတစ်ခု ပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်။

၎င်းက နောက်ထပ်အစိုးရယန္တရားတစ်စိတ်တစ်ပိုင်းရပ်ဆိုင်းမှု ထပ်မံဖြစ်ပွားမည်ကို ၄င်းအနေဖြင့် မယုံကြည်ကြောင်း လည်း ဆိုခဲ့သည်။

“ အစိုးရယန္တရားတစ်ခု ရပ်ဆိုင်းတာကို ကျွန်တော်တို့ မမြင်ချင်ကြပါဘူး” ဟု ၄င်းက ဆိုပြီး “ အရာအားလုံး” သည် ဆွေးနွေးညှိနှိုင်းမှုပြုလုပ်၍ ရနိုင်ကြောင်း နှင့် နယ်စပ်လုံခြုံရေး နှင့် အသုံးစရိတ်အပေါ် ဖေဖော်ဝါရီ ၁၁ ရက်ညပိုင်းက နှစ်ဖက်ပါတီကိုယ်စားလှယ်များအကြား သဘောတူညီခဲ့သည့် အသေးစိတ်အချက်အလက်အပေါ် ၄င်းအနေဖြင့် ဆက်လက်သုံးသပ်သွားရန် လိုအပ်ကြောင်း ထရမ့်က ဖြည့်စွက်ပြောကြားခဲ့သည်။

လက်ရှိယာယီအသုံးစရိတ် ဥပဒေကြမ်းသည် ဖေဖော်ဝါရီ ၂၂ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ အမေရိကန်အထက်၊အောက်လွှတ်တော် နှစ်ရပ်စလုံးအနေဖြင့် ဥပဒေကို အတည်ပြုရန် ရှိနေပြီး နောက်ထပ် အစိုးရယန္တရားရပ်ဆိုင်းမှုထပ်မံမပေါ်ပေါက်စေရန် သမ္မတထရမ့်က လက်မှတ်ရေးထိုးရမည်ဖြစ်ကြောင်း သိရသည်။(Xinhua)