26
Mon, Aug
514 New Articles

ကယ်လီဖိုးနီးယား တောင်ပိုင်းတွင် လောင်စာဆီတင်ကား ပေါက်ကွဲမှုကြောင့် လူ ၂ဦး ဆေးရုံတင်ရ

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် လောင်စာဆီတင်ကား ပေါက်ကွဲမှုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်) North America

လော့စ်အိန်ဂျလိစ်၊ မတ် ၁၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းတွင် မတ် ၁၇ ရက် အစောပိုင်းက ဂါလန် ၉,၀၀၀ ဆန့် လောင်စာဆီတင်ကားတစ်စီး လောင်စာဆီယိုစိမ့်ပြီး မီးလောင်ပေါက်ကွဲခဲ့ရာ လူ ၂ဦးဆေးရုံတင်လိုက်ကြောင်း လော့စ်အိန်ဂျလိစ်မီးသတ်ဌာနကပြောကြားခဲ့သည်။

အဆိုပါ ဖြစ်ရပ်သည် South Los Angeles မြို့အနီး Florence ရှိ အမှတ် ၂၁၆ West Slauson ရိပ်သာ တွင် ဒေသစံတော်ချိန် နံနက် ၇း၄၅နာရီ တွင် ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဌာနက ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။

ပေါက်ကွဲမှုကြောင့် အဆောက်အအုံ ၂ခု မီးဟပ်ခဲ့ပြီး လေထုအတွင်း မီးခိုးများ ပြည့်နှက်သွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုအား မီးသတ်သမား ၇၂ဦး က ၂နာရီကြာ ငြိမ်းသတ်ခဲ့ရပြီး ယခုအခါ မီးငြိမ်းသွားခဲ့ပြီဖြစ်ကြောင်းသိရသည်။

ဒဏ်ရာရရှိသူ ၂ဦးကို ပြည်တွင်းဆေးရုံတစ်ခုသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

L.A မီးသတ်ဌာန မှ ဘေးအန္တရာယ်ရှိပစ္စည်းများဆိုင်ရာ ကျွမ်းကျင်ပညာရှင်များသည် အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာပြီး ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု လျော့ပါးစေရန် နှင့် ဝန်ထမ်းများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရွက်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။ (Xinhua)