17
Mon, Jun
570 New Articles

အမေရိကန် ပြည်ထောင်စုလေကြောင်း အာဏာပိုင်အား ဦးဆောင်ရန် Delta အမှုဆောင်အရာရှိအား အမည်စာရင်းတင်သွင်းရန် ရွေးချယ်

Delta Air Lines ၏ လေတပ်လေယာဉ်မှူးနှင့် အမှုဆောင် စတီဖန် ဒစ်ဆန် (Stephen Dickson) အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်) North America

ဝါရှင်တန်၊ မတ် ၂၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် လေတပ်လေယာဉ်မှူးနှင့် Delta Air Lines ၏ နှင့် အမှုဆောင် စတီဖန် ဒစ်ဆန် (Stephen Dickson) အား ပြည်ထောင်စု လေကြောင်းအုပ်ချုပ်ရေး (FAA)  အကြီးအကဲအဖြစ် ရွေးချယ်လိုက်ကြောင်း အိမ်ဖြူတော်က မတ်လ ၂၀ ရက်တွင် ကြေညာခဲ့သည်။

Delta လေကြောင်းအား ကြီးကြပ်ခဲ့သူ ဒစ်ဆန်အား ပို့ဆောင်ရေးဝန်ကြီးဌာနအောက်တွင် သက်တမ်း ငါးနှစ်တာအတွက် FAA အုပ်ချုပ်သူအဖြစ်လည်းကောင်း၊ လေကြောင်းသွားလာရေးဝန်ဆောင်မှုကော်မတီ ဥက္ကဋ္ဌအဖြစ် လည်းကောင်း အမည်စာရင်းတင်သွင်းရန် ထရမ့်က စီစဉ်နေကြောင်း သိရသည်။

ဒစ်ဆန်အား ခန့်အပ်ရန် အထက်လွှတ်တော်မှ အတည်ပြုချက်ယူရမည် ဖြစ်သည်။

ဘိုးရင်း 737 Max လေယာဉ်များအား FAA က ခွင့်ပြုချက် စေ့စေ့စပ်စပ်စိစစ်မှု တိုးမြှင့်လုပ်ဆောင်နေသည့်ကြားမှ ယခုလို အမည်စာရင်း တင်သွင်းရန် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ (Xinhua)