အမေရိကန်နိုင်ငံ အော်လန်ဒိုမြို့တွင် ဘိုးအင်း ၇၃၇ လေယာဉ် အရေးပေါ် ဆင်းသက်မှု ပြုလုပ်ခဲ့ရ

အမေရိကန်နိုင်ငံ မှ ဘိုးအင်း ၇၃၇ မက်စ် လေယာဉ် တစ်စင်းအားတွေ့ရစဉ် (ဆင်ဟွာ) North America

ဝါရှင်တန်၊ မတ် ၂၇ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ Southwest Airlines မှ ဘိုးအင်း ၇၃၇ မက်စ် လေယာဉ် သည် ပျံသန်းမှုမှ ရပ်ဆိုင်းမည့် လုပ်ငန်းစဉ်အတွင်း သွားရောက်နေစဉ် မတ် ၂၆ ရက် နေ့လည်ပိုင်းတွင် အော်လန်ဒိုမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ် (OIA) ၌ အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

အဆိုပါလေယာဉ်သည် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့ ရှိ လေဆိပ်မှ မွန်းလွဲ ၃နာရီမတိုင်ခင်က ထွက်ခွာလာခြင်းဖြစ်ကြောင်း OIA ပြောရေးဆိုခွင့်ရှိသူ Carolyn Fennell ကပြောကြားခဲ့သည်။

လေဆိပ်တာဝန်ရှိသူများက အဆိုပါလေယာဉ်တွင် လေယာဉ်မှူးတစ်ဦး နှင့် တွဲဖက်လေယာဉ်မှူးတစ်ဦးသာ လိုက်ပါလာပြီး ပျံသန်းနေစဉ် စနစ်တစ်ခု ချို့ယွင်းလာ၍ အော်လန်ဒိုမြို့သို့ အရေးပေါ်ပြန်လှည့်ခဲ့ရကြောင်း နှင့် ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

လေကြောင်းဦးစီးဌာနက အဆိုပါလေယာဉ်အား ပျံသန်းမှုမှ ရပ်ဆိုင်းရန် အနောက်ပိုင်းပြည်နယ် ဖြစ်သည့် ကယ်လီဖိုးနီးယားပြည်နယ်သို့ သွားရောက်ပို့ဆောင်နေစဉ် အင်ဂျင်ပြဿနာဖြစ်ပေါ်ခဲ့ကြောင်း နှင့် ယင်းဖြစ်စဉ်အား စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ (Xinhua)