အိမ်ဖြူတော်အပြင်ဘက်တွင် အမျိုးသားတစ်ဦး ၎င်း၏ ဂျာကင်အင်္ကျီအား မီးရှို့ခဲ့

အိမ်ဖြူတော်အပြင်ဘက်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဆင်ဟွာ) North America

ဝါရှင်တန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ အိမ်ဖြူတော်အပြင်ဘက်တွင် ဧပြီ ၁၂ ရက် နေ့လည်ပိုင်းက အမျိုးသားတစ်ဦး ၎င်း၏ ဂျာကင်အင်္ကျီအား မီးရှို့ခဲ့ကြောင်း အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့၏ ပြောကြားချက်အရ သိရသည်။

အီလက်ထရောနစ် ဘီးတပ်ကုလားထိုင်အား စီးနင်းလာသော အဆိုပါ အမျိုးသားသည် အိမ်ဖြူတော် ၏ မြောက်ဘက်ခြံစည်းရုံး အပြင်ဘက် Pennsylvania ရိပ်သာလမ်းပေါ်၌ ထိုင်နေစဉ် ၎င်း၏ အပေါ် ဂျာကင်အင်္ကျီ အား မီးရှို့ခဲ့ကြောင်း လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့က တွစ်တာ၌ရေးသားခဲ့သည်။

ယင်းအဖွဲ့က တာဝန်ရှိသူများသည် အဆိုပါ ကိစ္စအား ချက်ချင်းတုံ့ပြန်ဆောင်ရွက်ခဲ့ပြီး မီးငြှိမ်းသတ်ခဲ့ကာ မီးလောင်ဒဏ်ရာရရှိသူအား ရှေးဦးသူနာပြုနည်းဖြင့် ကုသပေးခဲ့ကြောင်း တွစ်တာ၌ထပ်မံရေးသားခဲ့သည်။ယင်းအမျိုးသားအား ဆေးရုံတစ်ခုသို့ ပို့ဆောင်ပေးခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။အိမ်ဖြူတော်အပြင်ဘက်ရှိ Pennsylvania ရိပ်သာလမ်း၏ အစိတ်အပိုင်းတစ်ခု၌ ယာဉ်သွားလာမှု ပိတ်ပင်ထားကြောင်း သိရသည်။ (Xinhua)