23
Mon, Sep
527 New Articles

အမေရိကန်လွှတ်တော်က မက္ကဆီကိုနယ်စပ်ရှိ ရွှေ့ပြောင်းအခြေချသူများအရေးနှင့်ပတ်သက်၍ ဖြည့်စွက်ရန်ပုံငွေ ထပ်မံအတည်ပြုပေး

အမေရိကန်-မက္ကဆီကို နှစ်နိုင်ငံနယ်စပ်တံတိုင်းအားတွေ့ ရစဉ်(ဆင်ဟွာ) North America

ဝါရှင်တန် ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အောက်လွှတ်တော်က အမေရိကန်-မက္ကဆီကို နယ်စပ်တစ်လျှောက်တွင် ရွှေ့ပြောင်းအခြေချသူများ ဝင်ရောက်လာမှုကို ဆက်လက်ကိုင်တွယ်ထိန်းချုပ်ရန် အရေးပေါ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံကို ဇွန် ၂၅ ရက်က အတည်ပြုပေးခဲ့ကြောင်း သိရသည်။

ဒီမိုကရက်တစ်ပါတီ၏ ဆန့်ကျင်ကန့်ကွက်မှုကြုံတွေ့ခဲ့ရပြီးနောက် မက္ကဆီကိုနိုင်ငံနှင့်ထိစပ်နေသော အမေရိကန်တောင်ပိုင်းနယ်စပ်ဒေသ လုံခြုံရေး နှင့် လူသားချင်းစာနာမှုအကူအညီပေးရေးအတွက် ဖြည့်စွက်ရန်ပုံငွေ ထောက်ပံ့ရေးဥပဒေကြမ်းကို ထောက်ခံမဲ ၂၃ဝ မဲ နှင့် ကန့်ကွက်မဲ ၁၉၅ မဲဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။

ယခုအခါ ယင်းဥပဒေကြမ်းကို အထက်လွှတ်တော်၌ ကန့်ကွက်မှုတစ်ခုဖြင့် ကြုံတွေ့ရလင့်ကစား သမ္မတဗီတိုအာဏာသုံး၍ အတည်ပြုဖွယ်ရှိနေသည်။(Xinhua)