21
Tue, Jan
464 New Articles

ဟွန်ဒူးရပ်စ်နိုင်ငံတွင် သင်္ဘောနစ်မြုပ်မှုကြောင့် လူ ၂၆ ဦးသေဆုံး

ဟွန်ဒူးရပ်စ်နိုင်ငံ ပင်လယ်ပြင်တွင် သင်္ဘောတစ်စင်းနစ်မြုပ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်) North America

တန်ဂူးစီဂယ်လ်ပါ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

ဟွန်ဒူးရပ်စ်နိုင်ငံ အရှေ့ပိုင်း Gracias s Dios ဒေသ ကမ်းခြေအလွန် ကာရေဘီယံပင်လယ်ပြင်တွင် သင်္ဘောနစ်မြုပ်မှုကြောင့် အနည်းဆုံး လူ ၂၆ ဦး သေဆုံးခဲ့ကြောင်း စစ်တပ်က ဇူလိုင်လ ၃ ရက်တွင် ပြောကြားခဲ့သည်။

မာလိန်မှူး Waly မောင်းနှင်လာသော အဆိုပါသင်္ဘောတွင် လူ ၇၃ ဦးတင်ဆောင်လာပြီး သင်္ဘောနစ်မြုပ်မှုမှ လူ ၄၇ ဦးအား ကယ်ဆယ်နိုင်ခဲ့ကြောင်း စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် ဂျို့စ် ဒိုမင်ဂိုမက်ဇာ (Jose Domingo Meza) က ပြောကြားခဲ့ကြောင်း La Prensa နေ့စဉ်သတင်းစာဖော်ပြချက်အရ သိရသည်။

သေဆုံးသူအားလုံးမှာ ငါးဖမ်းသမားများနှင့် ရေငုပ်သမားများအဖြစ် လုပ်ကိုင်သူများဖြစ်ပြီး အများစုမှာ သင်္ဘောစတင်ထွက်ခွာလာရာ Lempira ဆိပ်ကမ်းမှဖြစ်သည်ဟု ယူဆရကြောင်း La Prensa နေ့စဉ်သတင်းစာတွင် ဖော်ပြထားသည်။

ယခုကဲ့သို့ သင်္ဘောနစ်မြုပ်မှုမှာ ယင်းနေ့တွင် ဒုတိယမြောက်ဖြစ်ရပ်ဖြစ်သည်။ ပထမနစ်မြုပ်ခဲ့သည့်သင်္ဘောမှာ ခရီးသည်အလွန်အကျွံတင်ဆောင်လာသည့် Miss Francely သင်္ဘောဖြစ်သည်။

သင်္ဘောနစ်မြုပ်မှုဖြစ်ပွားရခြင်းအကြောင်းရင်းများအား အာဏာပိုင်များက စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)