08
Sun, Dec
484 New Articles

မက္ကဆီကိုဘိန်းဘုရင် El Chapo အား အမေရိကန်နိုင်ငံက ထောင်ဒဏ်တစ်သက်ချမှတ်

အမေရိကန်နိုင်ငံ၌ ထောင်ဒဏ်တစ်သက်ချမှတ်ခံရသော မက္ကဆီကိုမူးယစ်ရာဇာ El Chapo အားတွေ့ ရစဉ်(ဆင်ဟွာ) North America

နယူးယောက် ၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံတရားသူကြီးများက မက္ကဆီကိုနိုင်ငံသား ဘိန်းဘုရင် “El Chapo” ဟုလူသိများသည့် ဂူဇ်မန်း(Guzman) အား ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ကျခံရန် အမိန့်ချမှတ်လိုက်ကြောင်း ဇူလိုင် ၁၇ ရက်တွင် ပြုလုပ်သည့် တရားခွင်ကြားနာမှုအရ သိရသည်။

ဂူဇ်မန်းသည် မူးယစ်ဆေးဝါးမှုများဖြင့် နယူးယောက်မြို့တော်၏ Brooklyn ပြည်ထောင်စုတရားရုံး ၊ ဒေသဆိုင်ရာ ပြစ်မှုတရားရုံးများ အပါအဝင် အမေရိကန်နိုင်ငံအတွင်းရှိ တရားရုံးစုစုပေါင်း ၁ဝ ခုမှ ပြစ်မှုထင်ရှားကြောင်း ဖေဖော်ဝါရီလတွင် အတည်ပြုဆုံးဖြတ်ခဲ့သည်။(Xinhua)