22
Thu, Aug
523 New Articles

မက္ကဆီကိုနိုင်ငံ အနောက်ပိုင်းတွင် ဘတ်စ်ကားတိမ်းမှောက်မှုကြောင့် လူ ၁၅ ဦးသေဆုံး၊ ၂၁ ဦးဒဏ်ရာရ

မက္ကဆီကိုနိုင်ငံ အနောက်ပိုင်းတွင် ခရီးသည်တင်ဘတ်စ်ကားတစ်စီး တိမ်းမှောက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်) North America

မက္ကဆီကိုစီးတီး၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ အနောက်ပိုင်း နာယာရစ်ပြည်နယ်တွင် ဇူလိုင်လ ၁၈ ရက်က ခရီးသည်တင်ဘတ်စ်ကား တိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ ၁၅ ဦးသေဆုံးခဲ့ပြီး နောက်ထပ်လူ ၂၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတာဝန်ရှိသူများက ပြောခဲ့သည်။

သေဆုံးသူနှင့် ဒဏ်ရာရသူများအကြား ကလေးငယ်များစွာပါဝင်ကြောင်း နာယာရစ်ပြည်နယ် အစိုးရပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက တယ်လီဖုန်းကတစ်ဆင့် ဆင်ဟွာသို့ ပြောခဲ့သည်။

အဆိုပါဖြစ်ရပ်မှာ ဒေသစံတော်ချိန် နံနက် ၇း၀၀ နာရီခန့်က ပြည်နယ်မြို့တော် Tepic နှင့် Puerto Vallarta မြို့ရှိ Pacific Coast အပန်းဖြေစခန်းနှင့် ချိတ်ဆက်ထားသည့် အဝေးပြေးလမ်းပေါ်တွင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံအလယ်ပိုင်း Aguascalientes ပြည်နယ်မှ ခရီးသွားဧည့်သည်များအား တင်ဆောင်လာသည့် အဆိုပါ ဘတ်စ်ကားသည် Compostela မြို့အနီး တောင်ထူထပ်သောဒေသတွင် တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။

မီးသတ်သမားများက အပျက်အစီးကြားမှ ဒဏ်ရာရခရီးသည်များအား ကယ်ဆယ်ရန်နှင့် သေဆုံးသူများအား တွေ့ရှိရန် အချိန်ကြာမြင့်စွာ လုပ်ဆောင်ခဲ့ရကြောင်း နာယာရစ်မီးသတ်ဌာန၏ ပြောကြားချက်အရ သိရသည်။ (Xinhua)