20
Tue, Aug
533 New Articles

အမေရိကန်နိုင်ငံချီကာဂိုမြို့ ၌ ပစ်ခတ်မှုဖြစ်ပွား ၂ ဦးသေ ၊ ၁၉ ဦးဒဏ်ရာရ

အမေရိကန်နိုင်ငံ ချီကာဂိုမြို့ ၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လုံခြုံရေးတပ်ဖွဲ့ ဝင်များအား တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်) North America

ချီကာဂို ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ချီကာဂိုမြို့ ၌ ဇူလိုင် ၂၀ ရက် နံနက်အစောပိုင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ လူ ၂ ဦးသေဆုံးပြီး အနည်းဆုံး ၁၉ ဦးထိခိုက် ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ဇူလိုင် ၁၉ ရက် ညသန်းခေါင်းအချိန်၌ ဖြစ်ပွားခဲ့သော ပစ်ခတ်မှုအတွင်း လူ ၇ ဦး ထိမှန်ခဲ့ကြောင်း ၊ ဆေးရုံသို့ ရောက်ရှိပြီးနောက်  ၂ ဦးသေဆုံးသွားကြောင်း NBC Chicago သတင်းဌာနက ဆိုသည်။ ထို့ ပြင် အခြား လူ ၁၄ ဦးမှာလည်း ဇူလိုင် နံနက်အစောပိုင်းတွင် အပစ်ခံခဲ့ရကြောင်း သိရသည်။

အပစ်ခံရသူများအနက် အသက် အငယ်ဆုံးဖြစ်သူ ၁၄ နှစ်အရွယ် အမျိုးသမီးငယ်မှာ ချီကာဂိုမြို့ အနောက်ပိုင်းရှိ လျှောက်လမ်းတစ်ခုတွင် အပစ်ခံခဲ့ခြင်းဖြစ်ကြောင်း ၊ ၄င်းအား အနက်ရောင်ကားထဲမှ လူတစ်ဦးက ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ခြေထောက် နှင့် လက်မောင်းကို ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။ ၄င်းအား ဆေးရုံသို့ ပို့ ဆောင်ပေးခဲ့ပြီးနောက်တွင် အခြေအနေမှာ တည်ငြိမ်နေပြီဖြစ်ကြောင်း သတင်းက ဆိုသည်။ 

ကားတစ်စီးအတွင်း ထိုင်နေသော အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦးကို အခြားကားတစ်စီးပေါ်မှ သေနတ်ဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း နှင့် ၄င်းအမျိုးသားကို ဆေးရုံသို့ ပို့ ဆောင်ပေးခဲ့ပြီးနောက်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

နောက်ထပ်သေဆုံးသွားသော အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးမှာလည်း ချီကာဂိုမြို့ တောင်ပိုင်းရှိ လမ်းမတစ်ခုတွင် ကားလမ်းဖြတ်ကူးစဉ် အုပ်စုဖွဲ့ ရောက်လာသော သေနတ်သမားများက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ဆိုသည်။ ယင်းအပစ်ခံရသော အမျိုးသားမှာလည်း ဆေးရုံသို့ ရောက်ရှိပြီးနောက်တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၂ဝ ရက် နံနက်အစောပိုင်းတွင် ချီကာဂိုမြို့  lakefront တွင် ပြိုင်ဘက်အုပ်စု နှစ်ခုအကြား သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူများစွာ ထိခိုက်ဒဏ်ရာရခဲ့ပြီး ၄င်းတို့ အား ဆေးရုံသို့ ပို့ ဆောင်ခဲ့ရကြောင်း သိရသည်။

ဒဏ်ရာရသူ ၁၉ ဦးအနက် ၃ ဦးမှာ အခြေအနေဆိုးဝါးကြောင်း နှင့် ကျန်သူများမှာ တည်ငြိမ်သောအနေအထားတွင် ရောက်ရှိနေပြီဖြစ်ကြောင်း NBC Chicago ၏ သတင်းဖော်ပြမှုအရသိရသည်။(Xinhua)