17
Mon, Jun
572 New Articles

ဝါရှင်တန်၊ဇွန် ၁၄ ရက်(ဆင်ဟွာ)

အမေရိကန်ကုမ္ပဏီနှင့်အဖွဲ့အစည်းများ စုစုပေါင်း ၆၆၁ ခုက လက်မှတ်ရေးထိုးထားခဲ့ကြသောစာတစ် စောင်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ထံပေးပို့ခဲ့ကြရာတွင်အမေရိကန်အစိုးရအနေနှင့်တရုတ် နိုင်ငံအပေါ် ကုန်သွယ်စည်းကြပ်ခွန်များတိုးမြှင့်ခြင်းကိုရပ်ဆိုင်းရန်နှင့် တရုတ်အစိုးရနှင့်သဘောတူညီ ချက်တစ်ရပ်ရရှိနိုင်ရေးဆောင်ရွက်သွားရန် တိုက်တွန်းဖေါ်ပြထားကြောင်း အမေရိကန်ကုန်သွယ်စည်း ကြပ်ခွန်တိုးမြှင့်ခြင်းဆန့်ကျင်ရေးနိုင်ငံအဝန်းလှုပ်ရှားမှု အသင်းက ဇွန်လ ၁၃ ရက်ကပြောကြားခဲ့သည်။

ဝါရှင်တန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ယခုလကုန်တွင် အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ ဆာရာဆန်ဒါးစ် ရာထူးမှနုတ်ထွက်မည်ဖြစ်ကြောင်း ဇွန်လ ၁၃ ရက်တွင် ပြောကြားလိုက်သည်။

ဝါရှင်တန် ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသည် ပိုလန်နိုင်ငံသို့ တပ်ဖွဲ့ ဝင် ၁,ဝဝဝ ကျော် ထပ်မံစေလွှတ်၍ တိုးမြှင့်တပ်ချထားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဇွန် ၁၂ ရက်တွင် ပြောကြားခဲ့ပြီး ယင်းလုပ်ရပ်မှာ ရုရှားအတွက် လုံခြုံရေးဆိုင်ရာစိုးရိမ်ပူပန်မှုကို မြင့်တက်စေကြောင်း သိရသည်။

ဝါရှင်တန် ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားနိုင်ငံထိပ်တန်းခေါင်းဆောင်ကင်ဂျုံအန်ထံမှ “အလွန်နှစ်လိုဖွယ်ကောင်းသော” ပေးစာတစ်စောင်ကို ၄င်းလက်ခံရရှိခဲ့ကြောင်း ဇွန် ၁၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

နယူးယောက်၊ ဇွန် ၁၁ ရက်(ဆင်ဟွာ)

ရဟတ်ယာဉ်တစ်စီး ဇွန် ၁၀ ရက် ညနေပိုင်းက အမေရိကန်နိုင်ငံ နယူးယောက်မြို့ မန်ဟက်တန် မြို့လယ်ခေါင်ရှိ အထပ်မြင့်အဆောက်အဦပေါ်သို့ ပျက်ကျခဲ့ရာ လေယာဉ်မှူးဖြစ်သူသေဆုံးခဲ့ကြောင်း သိရသည်။ 

ချီကာဂို ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ မစ်ဆိုရီပြည်နယ် စိန့် လူးဝစ်၌ ဇွန် ၉ ရက် ညပိုင်းက ကားမောင်းနေသူတစ်ဦး၏  ပစ်ခတ်မှုကြောင့် အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသေဆုံးသွားပြီး နောက်ထပ် အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး စိုးရိမ်ဖွယ် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ က ဇွန် ၁ဝ ရက်တွင် ပြောကြားခဲ့သည်။

ဟူစတန် ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ် ဒါးလက်စ်မြို့ ၌ ဇွန် ၉ ရက် ညနေပိုင်းက မိုးကြိုးမုန်တိုင်း အကြိမ်ပေါင်းများစွာဖြစ်ပေါ်ခဲ့ပြီးနောက် အဆောက်အအုံတစ်လုံးပေါ်သို့ ဝန်ချီစက်(ကရိန်း) တစ်ခုပြိုကျမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁ ဦးသေဆုံးပြီး အခြား ၆ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ဆိုသည်။

ဝါရှင်တန်၊ ဇွန် ၅ ရက်(ဆင်ဟွာ)

ကျူးဘားသို့ သွားရောက်သောသူများအား အမေရိကန်က ကန့်သတ်မှုများပြုလုပ်သွားပြီး ကျူးဘား စစ်ဘက်ဆိုင်ရာနှင့်လုံခြုံရေးဌာန၏ အကျိုးအမြတ်ရရှိမှုများကို တားဆီးသွားမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ 

မက္ကဆီကိုစီးတီး၊ ဇွန် ၄ ရက်(ဆင်ဟွာ)

အမေရိကန်က အခွန်နည်းလမ်းနှင့် ရွှေ့ပြောင်းနေထိုင်သူအရေးကို မဖြေရှင်းသင့်ကြောင်း မက္ကဆီကို စီးပွားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး Luz Maria de la Mora  က ဇွန် ၃ ရက်က ပြောကြားခဲ့သည်။ 

ဝါရှင်တန် ၊ ဇွန် ၃ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတအိမ်ဖြူတော်အနီးတွင် ဇွန် ၂ ရက် ညပိုင်းက အမျိုးသားတစ်ဦးအား အမေရိကန်လျှို့ ဝှက်ထောက်လှမ်းရေးသမားများက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း အခင်းဖြစ်နေရာသို့ ရောက်ရှိနေသော ဆင်ဟွာသတင်းထောက်တစ်ဦးက သတင်းပေးပို့ ခဲ့သည်။