23
Tue, Jul
545 New Articles

ဝါရှင်တန် ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ)

ယခုရက်သတ္တကုန်ပိုင်းတွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ ၌ပြုလုပ်မည့်  ရုရှားနိုင်ငံနှင့် စစ်လက်နက်ထိန်းချုပ်ရေးဆိုင်ရာဆွေးနွေးပွဲသို့  အမေရိကန်ဘက်က အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တစ်ခုကို စေလွှတ်သွားမည်ဖြစ်ကြောင်း အမေရိကန်ပြည်တွင်းမီဒီယာက ဇူလိုင် ၁၅ ရက်တွင် ရေးသားဖော်ပြခဲ့သည်။

ဟူစတန်၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ)

ဟာရီကိန်း မုန်တိုင်း “ဘာရီ(Barry)” သည် အမေရိကန်နိုင်ငံ တောင်ပိုင်း လူဝီစီးယားနားပြည်နယ်(Louisiana)ကို  ဇူလိုင် ၁၃ ရက်က ၀င်ရောက်တိုက်ခတ်ခဲ့ရာ လက်ရှိတွင် လူပေါင်း ၁ သိန်း ၃ သောင်းခန့်  လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများကြုံတွေ့နေရကြောင်း သိရသည်။ 

ဟို့စ်တန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

အပူပိုင်းမုန်တိုင်း ဘာရီ (Barry) သည် အမေရိကန်ပြည်ထောင်စု၊ လူစီယားနားပြည်နယ် (Louisiana) ကမ်းရိုးတန်းအလယ်ပိုင်းတစ်လျှောက် ဟာရီကိန်းမုန်တိုင်းအဖြစ် ဇူလိုင်လ ၁၃ ရက်နံနက်ပိုင်းတွင် ဝင်ရောက်မည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

ဝါရှင်တန် ၊ ဇူလိုင် ၁၁ ရက်(ဆင်ဟွာ)

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရန့် နှင့် ပါကစ္စတန် နိုင်ငံ ၀န်ကြီးချုပ် အီမရန်ခန်း(Imran Khan) တို့ သည် ယခု ဇူလိုင် ၂၂ ရက်တွင် အိမ်ဖြူတော်၌ တွေ့ ဆုံကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး နှင့် အခြား ကိစ္စရပ်များအား ဆွေးနွေးသွားမည် ဖြစ်ကြောင်း အိမ်ဖြူတော်မှ ဇူလိုင် ၁၀ ရက်တွင် ထုတ်ပြန်သော ကြေညာချက် အရ သိရသည်။

ဝါရှင်တန်၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ)

ဗြိတိန်သံအမတ်နှင့် နောက်ထပ် အဆက်အဆံလုပ်မည်မဟုတ်ဟု သမ္မတ ထရမ့်က ဇူလိုင် ၈ ရက်က ပြောကြားခဲ့ရာ ယင်းကိစ္စနှင့်စပ်လျဉ်း၍ အိမ်ဖြူတော်၏ မည်သည့် ညွှန်ကြားချက်မှမရရှိသေးဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၉ ရက်တွင် ပြောကြားခဲ့သည်ဟု သိရသည်။ 

အော့တဝါ ၊ ဇူလိုင် ၁ဝ ရက်(ဆင်ဟွာ)

ကနေဒါနိုင်ငံ Manitoba ပြည်နယ် Winnipeg မြို့ ရှိ ဟိုတယ်တစ်လုံး၌ ကာဗွန်မိုနောက်ဆိုက်ဒ် ဓာတ်ငွေ့ ယိုစိမ့်မှုဖြစ်ပွားခဲ့ပြီးနောက် လူပေါင်း ၄၆ ဦးကို အရေးပေါ် ဆေးရုံတင်လိုက်ရကြောင်း နှင့် ယင်းတို့ အနက် ၁၅ ဦးမှာ စိုးရိမ်ဖွယ် အခြေအနေတွင် ရှိနေကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ဇူလိုင် ၉ ရက်တွင် ပြောကြားခဲ့သည်။

ဝါရှင်တန်၊ ဇူလိုင် ၉  ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ် Kim Darroch၏ ထရမ့်အစိုးရအပေါ် ဝေဖန်သည့် လျှို့ဝှက်ချက်များ ပေါက်ကြားပြီးနောက် အမေရိကန် သမ္မတ ထရမ့်က ၄င်းနှင့်နောက်ထပ် အဆက်အဆံလုပ်တော့မည်မဟုတ်ဟု ဇူလိုင် ၈ ရက်က တုံ့ပြန်ပြောဆိုခဲ့သည်။ 

နယူးယောက်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

ဇူလိုင် ၇ ရက်၊ ဂရင်းနစ်စံတော်ချိန် ၁၈း၄၉နာရီ တွင် ဖီဂျီနိုင်ငံ၊ ဖီဂျီကျွန်း ၏ တောင်ဘက်၌ အင်အား ၅.၃ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှားသွားခဲ့ကြောင်း အမေရိကန်ဘူမိဗေဒလေ့လာရေးအဖွဲ့ကဆိုသည်။ 

ဝါရှင်တန် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အရှေ့ တောင်ပိုင်း ဖလော်ရီဒါပြည်နယ် Plantation ရှိ ဈေးဝယ်စင်တာတစ်ခု၌ ဇူလိုင် ၆ ရက်တွင် ဓာတ်ငွေ့ ပေါက်ကွဲမှုတစ်ခုကြောင့်  အနည်းဆုံး ၂၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း မီဒီယာများက သတင်းဖော်ပြခဲ့သည်။

လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း၌ ပမာဏ ၇.၁ ရှိသော အင်အားပြင်းငလျင်တစ်ခု ဇူလိုင်လ ၅ ရက် ဒေသစံတော်ချိန် ည ၈း၁၉ နာရီတွင် လှုပ်ရှားသွားကြောင်း သိရသည်။