17
Mon, Jun
570 New Articles

လော့စ်အိန်းဂျလိစ် ၊ မေ ၈ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အနောက်ပိုင်း ကော်လိုရာဒိုပြည်နယ် ဒန်ဗာမြို့ အနီးရှိ အစိုးရအထောက်အပံ့ဖြင့် ဖွင့်လှစ်ထားသော STEM ချာတာကျောင်းတစ်ခုတွင် မေ ၇ ရက် မွန်းလွဲပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အသက် ၁၈ နှစ်အရွယ် ကျောင်းသားတစ်ဦး သေဆုံးပြီး အခြားကျောင်းသား ၇ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့ က အတည်ပြုခဲ့သည်။

ဝါရှင်တန် ၊ မေ ၇ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုလ်တန်က အရှေ့ အလယ်ပိုင်းဒေသ၌ အီရန်နိုင်ငံ၏ ခြိမ်းခြောက်မှုကို ထိန်းချုပ်ရန် ဗုံးကြဲလေယာဉ်အုပ်စု တင်ဆောင်ထားသော လေယာဉ်တင်သင်္ဘော တစ်စင်းပါဝင်သည့် သင်္ဘောအုပ်စုကို  တပ်စွဲထားမည်ဖြစ်ကြောင်း မေ ၅ ရက်တွင် ပြောကြားခဲ့သည်။

မက္ကဆီကိုစီးတီး ၊ မေ ၇ ရက်(ဆင်ဟွာ)

မက္ကဆီကို နိုင်ငံ မြောက်ပိုင်း Coahuilaပြည်နယ်တွင် ပျောက်ဆုံးနေသည့် လေယာဉ်၏အပိုင်းအစများ ကို ရှာတွေ့ခဲ့ရာ လေယာဉ်ပေါ်ရှိလူ ၁၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

ဟူစတန် ၊ မေ ၂ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အော့ကလန်ဟိုးမားပြည်နယ်၌ မေ ၁ ရက်တွင် အမေရိကန်စစ်လေယာဉ်တစ်စင်းပျက်ကျသွားခဲ့ကြောင်း နှင့် လေယာဉ်မှူးများမှာ ဘေးကင်းစွာ ခုန်ထွက်လွတ်မြောက်ခဲ့ကြောင်း အမေရိကန်လေတပ်အခြေစိုက်စခန်းတစ်ခုမှ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ဟာဗာနား၊မေ ၂ ရက်(ဆင်ဟွာ)

ကျူးဘားအစိုးရက ဗင်နီဇွဲလားသို့၎င်း၏တပ်ဖွဲ့များပို့ထားခဲ့ကြောင်းအမေရိကန်၏စွပ်စွဲချက်အားဧပြီလ ၁ ရက် ကငြင်းဆန်ခဲ့ပြီး၎င်းစွပ်စွဲချက်ကကျူးဘားနိုင်ငံအားစီးပွားရေးအရ အရေးယူမှုအသစ်များပြုလုပ် ရန် လုပ်ကြံဖန်တီးခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကာရာကာ့စ်၊ မေ ၁ ရက်(ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံ ကာကွယ်ရေးဝန်ကြီး ဗလာဒီမာ ပါဒရီနိုလိုးပက်ဇ် (Vladimir Padrino Lopez)  က ဗင်နီဇွဲလားလုံခြုံရေးတပ်ဖွဲ့များအနေနှင့် ဧပြီလ ၃၀ ရက်အစောပိုင်းကအာဏာသိမ်းရန်ကြိုးစားမှုတစ် ရပ်ကိုအောင်မြင်စွာတားဆီးနိုင် ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဝါရှင်တန်  ၊ မေ ၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနားပြည်နယ် Charlotte ရှိ မြောက်ကာရိုလိုင်းနားတက္ကသိုလ်ပရဝဏ်အတွင်း ဧပြီ ၃ဝ ရက်က သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၂ ဦးသေဆုံးပြီး အခြား လူ ၄ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြည်တွင်းမီဒီယာ WSOC က သတင်းဖော်ပြခဲ့သည်။

ဝါရှင်တန်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို (Mike Pompeo) သည် ဆွီဒင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မာဂေါ့ ဝေါလ်စထရောမ် (Margot Wallstrom) နှင့် ဧပြီလ ၂၉ ရက်တွင် တွေ့ဆုံကာ နှစ်နိုင်ငံနှင့် ကမ္ဘာ့ရေးရာများ ဆွေးနွေးခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားချက်အရ သိရသည်။

ဝါရှင်တန်၊ ဧပြီ ၃၀ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ် West Chesterမြို့နယ်ရှိ  နေအိမ်တစ်ခုတွင် ဧပြီ ၂၈ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ လူ ၄ ဦး သေဆုံးခဲ့ကြောင်း ရဲဘက်ဆိုင်ရာက ဧပြီ ၂၉ ရက်တွင် ပြောကြားခဲ့သည်။ လက်ရှိတွင် ရဲဘက်ဆိုင်ရာက  ပြစ်မှုကျူးလွန်သူကို ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

ဝါရှင်တန်၊ ဧပြီ ၃၀ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ် West Chesterမြို့နယ်ရှိ  နေအိမ်တစ်ခုတွင် ဧပြီ ၂၈ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ လူ ၄ ဦး သေဆုံးခဲ့ကြောင်း ရဲဘက်ဆိုင်ရာက ဧပြီ ၂၉ ရက်တွင် ပြောကြားခဲ့သည်။ လက်ရှိတွင် ရဲဘက်ဆိုင်ရာက  ပြစ်မှုကျူးလွန်သူကို ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။