18
Tue, Jun
569 New Articles

ဆန်ဖရန်စစ္စကို ၊ ဧပြီ ၃ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အလက်စကာပြည်နယ် Aleutian ကျွန်းများတွင် ဧပြီ ၂ ရက်က ပြင်းအား ၆.၅ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း သိရသည်။

ဝါရှင်တန်၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ မြောက်ပိုင်း Dakota ပြည်နယ် Mandan မြို့တွင် ဖြစ်ပွားခဲ့သော လူသတ်မှုတစ်ခု၌ လူ ၄ဦးသေဆုံးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ဧပြီ ၁ရက်တွင်ပြောကြားခဲ့သည်။

လော့စ်အိန်ဂျလိစ်၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ် ယူမားမြို့ အနီးတွင် စစ်ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ရာ မရိန်းတပ်ဖွဲ့ဝင် လေယာဉ်မှူး ၂ ဦးသေဆုံးခဲ့ကြောင်း အမေရိကန်မရိန်းတပ်ဖွဲ့လေတပ်စခန်းက မတ် ၃၁ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဝါရှင်တန်၊ မတ် ၃၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က တရားမဝင် ရွှေ့ပြောင်းသွားလာသူများအရေး နှင့် ပတ်သက်၍ အငြင်းပွားမှုရှိနေသည့်ကြားတွင် လာမည့် သီတင်းပတ်အတွင်း မက္ကဆီကိုနိုင်ငံနှင့် ထိစပ်နေသော နိုင်ငံတောင်ပိုင်းနယ်စပ်ဂိတ်အား ပိတ်ပစ်ရန် မတ်လ ၃၀ ရက်တွင် ခြိမ်းခြောက်ပြောဆိုလိုက်သည်။

ဝါရှင်တန်၊ မတ် ၂၇ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ Southwest Airlines မှ ဘိုးအင်း ၇၃၇ မက်စ် လေယာဉ် သည် ပျံသန်းမှုမှ ရပ်ဆိုင်းမည့် လုပ်ငန်းစဉ်အတွင်း သွားရောက်နေစဉ် မတ် ၂၆ ရက် နေ့လည်ပိုင်းတွင် အော်လန်ဒိုမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ် (OIA) ၌ အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

ဝါရှင်တန် ၊ မတ် ၂၆ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က မတ်လ ၂၅ ရက် ၌ အစ္စရေး နိုင်ငံ မှ ဂိုလန်ကုန်းမြင့် အချုပ်အခြာ အာဏာ အား ပိုင်ဆိုင်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာ ခဲ့ပြီး ယင်းကြေညာချက်အပေါ် ဆီးရီးယား ၊ ရုရှား နှင့် အာရပ် အဖွဲ့ချုပ် စသည့် နိုင်ငံ နှင့် အဖွဲ့အစည်း များ က ကန့်ကွက်မှု ပြုလုပ်ကာ အဆိုပါ ဆောင်ရွက်မှု က ဒေသတွင်း မတည်ငြိမ်မှု အသစ် တစ်ရပ် ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးခဲ့ကြသည်။

ဝါရှင်တန် ၊ မတ် ၂၂ ရက်(ဆင်ဟွာ)

၁၉၆၇ ခုနှစ်တွင် ဆီးရီးယားတို့ ထံမှ သိမ်းယူခဲ့သော ဂိုလန်ကုန်းမြင့်ကို အစ္စရေး၏ အချုပ်အခြာ အာဏာ ပိုင်နက် အဖြစ် အမေရိကန် နိုင်ငံက အသိအမှတ်ပြုရန် အချိန် တန်ပြီဟု အမေရိကန် သမ္မတ ဒေါ်နယ် ထရန့် က မတ် ၂၁ ရက်တွင် ပြောကြားလိုက်သည်။ 

ဝါရှင်တန်၊ မတ် ၂၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် သည် မတ် ၂၅ မှ ၂၆ရက်အထိ အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟု (Benjamin Netanyahu ) အား လက်ခံတွေ့ဆုံသွားမည်ဖြစ်ကြောင်း အိမ်ဖြူတော် က မတ် ၂၀ ရက်တွင်ပြောကြားခဲ့သည်။

ဝါရှင်တန်၊ မတ် ၂၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် လေတပ်လေယာဉ်မှူးနှင့် Delta Air Lines ၏ နှင့် အမှုဆောင် စတီဖန် ဒစ်ဆန် (Stephen Dickson) အား ပြည်ထောင်စု လေကြောင်းအုပ်ချုပ်ရေး (FAA)  အကြီးအကဲအဖြစ် ရွေးချယ်လိုက်ကြောင်း အိမ်ဖြူတော်က မတ်လ ၂၀ ရက်တွင် ကြေညာခဲ့သည်။

လော့စ်အိန်ဂျလိစ်၊ မတ် ၁၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းတွင် မတ် ၁၇ ရက် အစောပိုင်းက ဂါလန် ၉,၀၀၀ ဆန့် လောင်စာဆီတင်ကားတစ်စီး လောင်စာဆီယိုစိမ့်ပြီး မီးလောင်ပေါက်ကွဲခဲ့ရာ လူ ၂ဦးဆေးရုံတင်လိုက်ကြောင်း လော့စ်အိန်ဂျလိစ်မီးသတ်ဌာနကပြောကြားခဲ့သည်။