22
Mon, Apr
608 New Articles

မက္ကဆီကိုစီးတီး၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ အလယ်ပိုင်း ဟီဒဲလ်ဂိုပြည်နယ်တွင် ဇန်နဝါရီလ ၁၈ ရက်က ပိုက်လိုင်းပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၂၀ ဦးထက်မနည်း သေဆုံးပြီး အခြားသူ ၅၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်းများက ပြောကြားခဲ့သည်။

ဝါရှင်တန်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un) တို့အကြား ဒုတိယအကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲကို “ဖေဖော်ဝါရီလကုန်ပိုင်းတွင် ပြုလုပ်နိုင်ဖွယ်ရှိကြောင်း” အိမ်ဖြူတော်က ဇန်နဝါရီလ ၁၈ ရက်တွင် ပြောကြားလိုက်သည်။

ဝါရှင်တန် ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ မက်ဆာချူးဆက် ပြည်နယ် မြို့ တော် ဘော့စတွန် တွင် ဇန်နဝါရီ ၁၈ ရက် ညနေပိုင်း အချိန် ၌ သေနတ် ပစ်ခတ်မှု တစ်ခု ဖြစ်ပွား ခဲ့ရာ တစ်ဦး သေဆုံး ပြီး တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ဝါရှင်တန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အစိုးရယန္တရားတစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းနေသည့်အတွက် ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ သွားရောက်မည့် ၎င်း၏ကိုယ်စားလှယ်အဖွဲ့ ခရီးစဉ်အား အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ပယ်ဖျက်လိုက်ကြောင်း ဇန်နဝါရီလ ၁၇ ရက်တွင်  အိမ်ဖြူတော်က ပြောကြားလိုက်သည်။

လော့စ်အိန်ဂျလိစ်၊ ဇန်နဝါရီ ၇ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် တွင် အမေရိကန်နိုင်ငံအနောက်ပိုင်း မြို့ဖြစ်သည့် လော့စ်အိန်ဂျလိစ် မြို့ သို့ တရုတ်ခရီးသွားဧည့်သည် ၁.၂ သန်းလာရောက်လည်ပတ်ခဲ့ကြောင်း အာဏာပိုင်များ က ဇန်နဝါရီ ၁၇ ရက်နေ့တွင် ပြောကြားခဲ့သည်။ 

ဝါရှင်တန် ၊ ဇန်န၀ါရီ ၁၇ ရက်(ဆင်ဟွာ)

အမေရိကန် နိုင်ငံ ဂျော်ဂျီယာ ပြည်နယ်မှ လူငယ် တစ်ဦးကို အိမ်ဖြူတော် နှင့် ၀ါရှင်တန် ဒီစီရှိ ဖက်ဒရယ် အဆောက်အအုံ များအား တိုက်ခိုက်ရန် ကြံစည်မှုဖြင့် ဖမ်းဆီး အရေးယူလိုက်ကြောင်း အမေရိကန် ပြည်ထောင်စု အစိုးရ ရှေ့ နေ တစ်ဦးက ဇန်န၀ါရီ ၁၆ ရက်တွင် ပြောသည်။

ဝါရှင်တန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ် ရှိ ပလပ်ဖြုတ်ထားသည့် ရေခဲသေတ္တာတစ်ခုအတွင်း၌ ကလေးငယ် ၃ဦး မတော်တဆ ပိတ်မိခဲ့ပြီးနောက် သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ဇန်နဝါရီ ၁၅ရက်တွင်ပြောကြားခဲ့သည်။

အော့တာဝါ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံ Montrealမြို့ ရှိ မူလတန်းကျောင်းတစ်ခုတွင် ဇန်နဝါရီ ၁၄ရက်က ကာဗွန်မိုနောက်ဆိုဒ်ဓါတ်ငွေ့ ယိုစိမ့်မှုကြောင့် ကလေးငယ် ၃၅ဦး နှင့် အရွယ်ရောက်ပြီးသူ ၈ဦး အပါအဝင် ကနေဒါလူမျိုး ၄၃ဦး ကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း ပြည်တွင်းသတင်းဌာန CTV ကဖော်ပြခဲ့သည်။

ဝါရှင်တန် ၊ ဇန်နဝါရီ ၁၅ ရက်(ဆင်ဟွာ)

အမေရိကန်ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရို(FBI)က အမေရိကန်သမ္မတအား ရုရှားနိုင်ငံအတွက် အလုပ်လုပ်ခဲ့ခြင်း ရှိမရှိ တန်ပြန်ထောက်လှမ်း စုံစမ်းမှုပြုလုပ်ရန် အမှုဖွင့်ခဲ့ခြင်းအပေါ် တိုက်ရိုက် တုံ့ ပြန်သည့်အနေဖြင့် သမ္မတဒေါ်နယ်ထရမ့်က “ ရုရှားအတွက် ဘယ်တုန်းကမှ အလုပ်မလုပ်ခဲ့ဘူး” ဟု ဇန်နဝါရီ ၁၄ ရက်တွင် ပြောကြားလိုက်သည်။

ဝါရှင်တန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) တောင်းဆိုထားသော နယ်စပ်တံတိုင်း တည်ဆောက်ရေးအတွက် ကွန်ဂရက်ရန်ပုံငွေ အငြင်းပွားမှုအတွင်း အမေရိကန်ပြည်ထောင်စု အစိုးရယန္တရား တစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းနေမှုမှာ စံချိန်ချိုးခဲ့ပြီး အမေရိကန် သမိုင်း၌ အရှည်ကြာဆုံးအဖြစ် ဇန်နဝါရီလ ၁၂ ရက်တွင် ၂၂ ရက်တာကာလသို့ပင် ရောက်ရှိလာခဲ့ပေသည်။